Posts

Showing posts from 2015

E

Image
E = End နိဂုံးဆိုတာ နိဒါန်းရဲ့ အစ... လို့ ပြောရမလိုပါပဲ... နှစ်တစ်နှစ်ရဲ့ အဆုံးသတ်အချိန်ဟာ....နောင်နှစ်သစ်တစ်ခုအတွက် အစဆုံးသော အချိန်... .အေးလေ... ဒီနှစ်ရဲ့ နောက်ဆုံးအချိန် စက္ကန့်အပြီးမှာ ဟောဒီကမ္ဘာကြီးက ပျက်စီး အဆုံးသတ်သွားမှာမှ မဟုတ်တာ။ .နောက်နှစ်သစ်တစ်ခု ဖြစ်တဲ့ ၂၀၁၆ ခုနှစ်ကို ဖျတ်ခနဲ...ကူးပြောင်း ရောက်ရှိသွားမှာပဲ မဟုတ်လား။ ဒီတော့ ၂၀၁၅ ရဲ့ နိဂုံးဟာ...၂၀၁၆ ရဲ့ နိဒါန်းလည်း ဖြစ်ပါတယ်။ နှစ်သစ်မှာ... စိတ်သစ်လူသစ် အားအသစ်တွေနဲ့... ကောင်းကျိုးချမ်းသာ အဖြာဖြာကို သစ်လွင်တောက်ပစွာ ရယူပိုင်ဆိုင်နိုင်ကြပါစေ...လို့... မြန်မာပြည်သူား အာလုံးအတွက ဆန္ဒပြုလိုက်ပါတယ်။ နှစ်သစ်မှာ စိတ်လက်ချမ်းသာစွာနဲ့...လန်းဆန်းတက်ကြွစွာ ကောင်းကျိုးလိုရာ ပိုင်ဆိုင်မှုအသစ်တွေ ရနိုင်ဖို့ဆိုတာလည်း... အခွင့်အလမ်းက ရှိပါဦးမှ... တိုင်းပြည်တစ်ပြည်အတွင်းက ပြည်သူတွေအနေနဲ့ ဘယ်လောက် ကြိုးစား ရုန်းကန်ပါစေ... ရုန်းကန်ရသလောက် ထိုက်တန်တဲ့ ရလဒ်ကို ပြန်ရနိုင်ဖို့ဆိုတဲ့ အခွင့်အလမ်းမရှိရင်... အဲဒီအခွင့်အလမ်းကို တစ်ခုခုနဲ့ ပိတ်ပင်ကန့်သတ်ထားရင်... ဘာမှ အကျိုးမရှိပဲ... ဒုံရင်း အနေအထားထက် နိမ့်ကျနွမ်းပါးသွားမှာပဲ... ။

D

Image
D = Drama story   အကဲပါပါ အသည်းတခါခါ ဖြစ်သွားစေလောက်သော ဇာတ်လမ်းတစ်ပုဒ်တော့ဖြင့် ဘဝမှာ ရေးဖူးခဲ့ချင်သည်၊၊ .မြန်မာနိုင်ငံသား ပီသသည်ဟု ဆိုရမည်၊၊ .မြန်မာပြည်သည် နိုင်ငံသားတို့အတွက် ငိုမည်ဆိုလျှင် မျက်ရည်ချောင်း စီးလောက်စရာ အကြောင်းအချက်များစွာတို့ ပြည့်နှက်နေသော တိုင်းပြည် ဖြစ်သည်၊၊ ဂျုံးဂျုံးကျနေရာမှ ယိုင်ထိုးယိမ်းခါစွာ ကုန်းရုန်းထနေရသည့်ကြားကပင် မြန်မာနိုင်ငံ၏ မြို့တော်အတော်များများအတွင်း .နေထိုင်လှုပ်ရှားနေသူ တိုင်းသူပြည်သားတို့မှာ အလွမ်းအဆွေး ငိုခြင်းများနှင့်ပင် (တလွဲဆံပင်ကောင်းကာ)ပျော်မွေ့ကြလေသည်၊၊ ရုပ်ရှင်ဇာတ်ကား ကြည့်တာတောင် ဟာသကားဆိုလျှင် ပျော်ရွှင်ရယ်မောရမည့်အစား ပေါတောတောနဲ့ မကောင်းတဲ့ဇာတ်ကားကြီး ဟု ဆိုတတ်ကြသည်၊၊ သရုပ်ဆောင်တွေကို ထူးချွန်ဆု အကယ်ဒမီပေးလျှင်လည်း အငိုပက်စက် အလွမ်းဟက်တက်ကွဲပြတတ်မှ ---မင်းသမီးဆိုလည်း မျက်ရည်တွေ ငေါက်ခနဲငေါက်ခနဲ ပန်းထွတ်အောင် ငိုတတ်ပါမှ---  ပေးကြ ရကြသည်၊၊ .ကြည့်ရှုခံစားသူတွေကလည်း ရုံထဲမှာ ကြည့်ရင်း မျက်ရည်လေးတို့ ဝေဝေသီသီ--- "ငါဖြင့် သနားလွန်းလို့ ရုပ်ရှင်ရုံထဲ ငိုတောင်မှ ငိုမိကရော" ဟု ပြန်ပြောရခြင်းမှာ

C

Image
C = Clean oooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooo ကျနော်တို့သည် ညစ်ပတ်ပေရေလွယ်သော ပတ်ဝန်းကျင်ထဲတွင် နေသားတကျ ပါဝင်လှုပ်ရှားနေကြရသူများဖြစ်သည်၊၊ အဲ့သည် ညစ်ပတ်ပေရေမှုများကို တတ်နိုင်သမျှ ဖယ်ရှားပစ်ပြီး သန့်ရှင်းစင်ကြယ်စွာ နေထိုင်နေသူများလည်း ဖြစ်သည်၊၊ ကျနော်တို့၏ တကိုယ်ရည်သန့်ရှင်းမှုမှအစ--- ကျနော်တို့နေထိုင်ရာ အခန်း---ပတ်ဝန်ကျင်တဝိုက်အလယ်--- ကျနော်တို့၏ တိုင်းခန်းပြည်ရွာအဆုံး---ထိုအတောအတွင်းရှိ အညစ်အကြေးများကို ဖယ်ရှားသန့်စင်ပစ်ရင်း လူရည်သန့်များဖြစ်အောင် (ထို့အပြင် ရောဂါပိုးမွှားစွဲကပ်သူများ မဖြစ်အောင်) သက်ရှင်နေထိုင်ကြရသည် မဟုတ်လား၊၊ ကိုယ်နေထိုင်သည့်အခန်းကလေး သန့်ရှင်းသပ်ရပ်နေဖို့ လိုပါသည်၊၊ ကိုယ့် "ကိုယ်"သည်လည်း သန့်ရှင်းစင်ကြယ်နေဖို့ လိုပါသည်၊၊ သို့သော် ကျနော်တို့သည် ပြင်ပမှ မြင်လွယ်တွေ့လွယ်သော အရာများကိုသာ သန့်စင်ဆေးကြောလေ့ရှိပြီး မမြင်ရသော အမှိုက်များကိုတော့ တော်ရုံနှင့် မမြင်တွေ့ဘဲ ထို မမြင်နိုင်သော အမှိုက်သရိုက်များကြားမှာ ညစ်ထေး ရှုပ်ပွနေတတ်ပါသည်၊၊ ကျနော်ဆိုလိုသည့် မမြင်လွယ်သော အမှိုက်ဆိ

B

Image
B=Burmese Film  .ပြီးခဲ့သည့် ရက်ပိုင်းတွေအတွင်း စိတ်ပြေလက်ပျောက်သဘောဖြင့် ရုပ်ရှင်တစ်ကား ဝင်ကြည့်ဖြစ်ပါသည်၊၊ စိတ်ပြေလက်ပျောက်ဟု အသေအချာ အခိုင်အမာ ပြောနိုင်သည်မှာ ထိုနေ့က ရုပ်ရှင်ဇာတ်ကား၏ ဆွဲဆောင်မှုကြောင့် ဝင်ကြည့်ဖြစ်ခြင်းမျိုး လုံးဝ မဟုတ်ဘဲ ဇာတ်ကားကို ဂရုမစိုက်၊ စိတ်ပြေလက်ပျောက် ကြည့်လိုက်မည်ဟူသော အတွေးဖြင့်သာ ဝင်ကြည့်ခဲ့ခြင်းကြောင့် ဖြစ်သည်၊၊ ဇာတ်ကား၏ ဆွဲဆောင်မှုကြောင့်သာ ကြည့်ဖြစ်မည်ဆိုလျှင် ဗမာဇာတ်ကားတစ်ကားကို အချိန်ကုန်/ ငွေကုန်ခံပြီး ဝင်ကြည့်ဖြစ်ပါ့မလား၊၊ အဲသည်နေ့ကတော့ မည်သည့်ဇာတ်ကားဖြစ်စေ--- ရုပ်ရှင်ရုံထဲ ဝင်ထိုင်ကြည့်ပစ်လိုက်ဖို့သာ စိတ်စောနေခဲ့သောကြောင့် ဘယ်တုန်းကမှ တပ်မက်ခြင်းမရှိဖူးသော--- (ကျနော့်ကို ဆွဲဆောင်နိုင်စွမ်းမရှိရှာသော) ဗမာဇာတ်ကားတစ်ကားကို အလိုအလျောက် ဝင်ကြည့်မိသွားသည်၊၊ အဲသည်နေ့က ကျနော် ကြည့်မိသော ဇာတ်ကား၏ အမည်မှာ "ကောင်းကျိုးကိုယ်၌ တည်စေမင်း" ဖြစ်သည်၊၊ ဒါရိုက်တာ "  ဒါရိုက်တာ ဇေပါ     " က ဖန်တီး ရိုက်ကူးပေးထားပြီး အဓိက သရုပ်ဆောင်များအဖြစ် ခန့်စည်သူ၊ခိုင်သင်းကြည်နှင့် အရိုင်း၊ အိချောပိုတို့က ဇာတ်ဆောင်ခဲ့သည်၊၊ ဇာတ်လမ်း

A

Image
        A A -> Art (Art ဆိုသည့် စကားလုံးကို (အတတ်ပညာ။ အနုပညာ။ ကောက်ကျစ်သောမာယာ စသည်ဖြင့် အဘိဓါန်တွေမှာ ဖွင့်ဆိုပြထားတာ .တွေ့ဖူးခဲ့သည်ဆိုဦးတော့... ) ကောက်ကျစ်သောမာယာဆိုသည့် စကားလုံးဖြင့် ဖွင့်ဆိုရသည်အထိတော့... အပြောအဆို မရက်စက်စေချင်ပါ။) Art ဆိုသည့် စကားလုံးလေးကို မြင်လိုက်သည်နှင့်...ကျနော် ပြေးမြင်မိတာက.... ကျနော် ဖတ်ခဲ့ဖူးသော စာပေအနုပညာ လက်ရာများကိုသာ ဖြစ်သည်။ တကယ်တော့ Art ဆိုသည့် စကားလုံးလေးသည် အနုပညာ ဟု ဆိုရုံမျှနှင့်ပင်... စာပေ၊ ဂီတ၊ ရုပ်ရှင်၊ ပန်းချီ၊ ပန်းပု ...စသည့် လက်ရာများစွာကို ဖော်ညွှန်းနေသည့်အပြင် နက်ရှိုင်းကျယ်ပြန့်လှသော နယ်ပယ်ရပ်ကြီးတခုလုံးကို ကိုယ်စားပြုထားမှန်း အားလုံးလည်း သိကြပါသည်။ ဘာလို့များ... ကျနော်က Art ဆိုတာနဲ့...စာပေအနုပညာလက်ရာတွေကိုသာ ပြေးမြင်သလဲ.... သည်မေးခွန်းအတွက် အဖြေကတော့ ရှင်းပါသည်။ ကျနော်က... (အနုပညာ ပုံစံများစွာထဲကမှ) စာပေအနုပညာကိုသာ အချစ်မြတ်အတွယ်တာဆုံး ဖြစ်နေလို့ပေါ့။ အဲ့သည်... ကျနော် အချစ်ဆုံး အမြတ်နိုးဆုံးပါဆိုတဲ့ စာပေအနုပညာ ရပ်ဝန်းထဲမှာမှ.... ဖန်တီးမှု(ဝါ) တင်ပြမှု(ဝါ)ပုံသဏ္ဍာန်မျိုးစုံ(များစွာ) ရှိနေသည်အထဲမှ.... သ

တို့တိုင်းပြည်

တို့တိုင်းပြည် ထလော့မြန်မာ၊ အိုမြန်မာတို့ တို့ရွာတို့မြေ၊ တို့ရွာမြေ၀ယ် စေတီစပါး၊ များလည်းများ၏ များပါလေလည်း၊ တမွဲမွဲနှင့် ဆင်းရဲကာသာ၊ ကာလကြာလျှင် ယာစကာမျိုး၊ တညှိုးညှိုးနှင့် ပုထိုးမြင့်မား၊ ကျောင်းကြိုကျောင်းကြား လှည့်လည်သွားလျှက် မစားလေရ၊ ၀မ်းမ၀၍ ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။ ထလော့မြန်မာ၊ အိုမြန်မာတို့ တို့ရွာတို့မြေ၊ တို့ရွာမြေ၀ယ် ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့် သီးနှံချိုပျား၊ များလည်းများ၏ များပါလေလည်း၊ တမွဲမွဲနှင့် ဆင်းရဲကာသာ၊ ကာလကြာလျှင် မြင်သာမြင်ရ၊ မစားရ၍ တောကပြိတ္တာ ဖြစ်မည်တည်း။ ထလော့မြန်မာ၊ မြန်မာထလော့ အားမပျော့နှင့်၊ မလျှော့လုံ့လ သူကစ၍၊ ငါကအားလုံး လက်ရုံးများမြောင်၊ ဥာဏ်များမြောင်နှင့် စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့ ဤမြေဤရွာ၊ ဘယ်သူ့ရွာလဲ ဤယာစပါး၊ ဘယ်သူ့စပါးလဲ ထားလော့တာဝန်၊ ပွန်လော့လုပ်ငန်း ဥာဏ်ရှေ့ပန်း၍ တစ်ဝမ်းတစ်စိတ် ညီစေသတည်း။ (ဆရာဇော်ဂျီ)

သစ်တစ်ရွက်ရဲ့ ဒိုင်ယာရီ

Image
.နေမဝင်အင်ပါယာလို ကြီးကျယ်ခမ်းနားသည့် နယ်မြေကြီးတစ်ခုကို ရင်ဘတ်ထဲ ထည့်ထားသည်ဆိုလျှင် ပိုလွန်းသည်ဟု စွပ်စွဲကြလိမ့်မည်။ နားမလည်နိုင်ဘူးဟု အများစု မှတ်ချက်ပြု ကြကုန်သော ကဗျာတို့၏ ဖြစ်တည်မှုအစ ဝါဒအချို့ကို ကိုယ် နှစ်သက်စွာလက်ခံ ကိုင်စွဲထားခြင်းကိုက နေမဝင်အင်ပါယာကြီးတစ်ခု ရင်ဘတ်ထဲ ထည့်ထားသည်ဟုပဲ ဆိုကြပါစို့။ နားမလည်နိုင်သော ကဗျာများ(ထို့အပြင် စာများ/စကားလုံးများ) ကိုယ် ရေးသည့်အခါတိုင်း ဘာတွေမှန်းလဲ မသိဘူးဟု စိတ်ရှုပ်စွာ ညည်းညူ ပြသူများကို မြင်တိုင်း စကား ပုံပမာ နှိုင်းဆဖန်တီးမှုတို့ ကိုယ် ပြုချင်သည်။ ( ဤလက်သည်းကွင်းထဲမှ စာပိုဒ်အား ကိုယ့်ဘာသာ ပြန် ဖတ်ကြည့်ချိန်မှာပင် အလွန်တရာမှ ချဉ်တူးခါးလှသဖြင့် ဖြတ်ပစ်လိုက်ပြီး ဤ မှတ်ချက်အား အစားထိုး ထည့်လိုက်ပါသည်။ ) ဒါပေမဲ့ ကိုယ်ကတော့ အသံမကောင်းချေ။ ကိုယ့် အသံ ခပ်ညံ့ညံ့ဖြင့် မှန်ရာကို ပြောဆိုချိန်တိုင်း ကိုယ့်ဘာသာ အသံသာပါသည်။ နံရံပေါ်မှာ သေနတ်တစ်လက် ချိတ်ထားသည်ဟု အစမှာ ဖော်ပြမိသည့်အဖြစ်ကြောင့် တနေရာရာမှာ ထိုသေနတ် ပစ်ကိုပစ်ရမည်ဟူသော ခပ်ကြောင်ကြောင်အယူအဆကို ကိုယ် လှောင်ရယ်ပစ်လိုက်ချင်သည် (ဟု ဆိုလျှင် ကိုယ့်ကို လှောင်ရယ်မည့်သူေ

လိုက်ကြမလား…. သွားစို့ကွယ်…

Image
လိုက်ကြမလား…. သွားစို့ကွယ်… လိုက်ခဲ့ကြမလား ?? စိုစွတ်ခြင်းလည်း မဟုတ် ခြောက်သွေ့ခြင်းလည်း မမည်သော သစ်တောအုပ်ကလေးထဲ ကျွန်တော် သွားပါမည်။ စိမ်းစိုလတ်ဆတ်သော သစ်ပင်ကြီးများ၏အောက်မှာ သစ်တောလမ်းကလေး ကွေ့ကောက်ကောက်က တစ်ယောက်ယောက် လျှောက်နင်းလာဖို့ အမြဲတစေ ခွင့်ပြုနေသည့်ဟန်. . . ထို့အပြင် ဤတောအုပ်ထဲသို့ စတင်ဝင်ရောက်လိုက်သည်နှင့် ပထမဆုံး ခံစားမိနိုင်သည့်အချက်မှာ ''ဤနယ်မြေသည် ဘာမဆို ဖြစ်ပျက်သွားနိုင်သော နယ်မြေဖြစ်သည်'' ဆိုတဲ့ခံစားမှု။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ဟာ မွန်းကျပ်ပိတ်လှောင်နေသော ထိုထိုဤဤ မြို့ပြ လွှမ်းခြုံမှုအောက်မှနေ၍ ဆောက်တည်ရာမဲ့ ပြေးထွက်ချင်မိသူတွေပဲ မဟုတ်လား။ ပြေးလာသူမှန်သမျှကို ဆီးကြိုလင့်မည့် ဆိုင်းဘုတ်မရှိသော်လည်း ဤသစ်တောကလေးသည် လာသူတွေကို ဖိတ်ခေါ်ကြိုဆိုနေသယောင် ဖြစ်သည်။ တခါတရံမကသော ကာလများတွင် ကျွန်တော်တို့ဟာ ကြိုဆိုဖိတ်ခေါ်သူမရှိသော တနေရာရာရှေ့မှာ ရှက်ရွံ့သိမ်ငယ်စွာနဲ့ ရပ်နေခဲ့ရဖူးတာပဲ။ ဝင်လာခဲ့ပါ. . .တဲ့။ တောအုပ်ကလေးရဲ့ ခေါ်သံ မဟုတ်​ဘူးဆို​ပေမဲ့ သစ်ပင်သစ်ခက် အကိုင်းအလက်များကဖြင့်​  လှုပ်လှုပ်ခတ်ခတ်နဲ့ လာခဲ့ပါကွယ်​ ရယ်​လို့  ခေါ်နေသည်ပဲ။ သွားကြစ

သရေခေတ္တရာ ပျူမြို့ဟောင်းနဲ့ အားလပ်ရက်

Image
၂၀၁၅ ၊ မေလ ၁ ရက်နေ့ ၊ ဒါဟာ ... အလုပ်သမားနေ့လေ။ အလုပ်သမားတယောက်အနေနဲ့ ရုံးပိတ်ရက်ပဲ ... အားလပ်တာပေါ့။ အားလပ်ရက်ကိုမှ .... လေ့လာရေးအဖြစ် အသုံးချပြီး အသုံးကျစေမယ့် ခရီးတိုတခု ထွက်ခဲ့တယ်ဆိုပါတော့ ... ။ ရန်ကုန်ကနေ ဧပြီလ ၃၀ ရက်နေ့ည ၁၀ နာရီကားနဲ့ ပြည်မြို့ကို ထွက်ခွါခဲ့ပါတယ်။ ကျနော်စီးလာတဲ့ ဘုန်းမြတ်ပိုင် အဝေးပြေးယာဉ်ဟာ  ပြည်မြို့ကိုရောက်တော့ မေလ ၁ ရက်နေ့ မနက်အစောကြီး ၄ နာရီ။ ငါးနာရီထိုးတဲ့အထိ မြို့ထဲက အဝေးပြေး ကားဝင်းအနီးမှာ ရှိတဲ့ လက်ဖက်ရည်ဆိုင်မှာ ထိုင်နေလိုက်တယ်။ အဲဒီနောက် ... အဝေးပြေးယာဉ်ရပ်နားစခန်းရှေ့ကနေ ပြည်မြို့ရဲ့ အထင်ကရဖြစ်တဲ့ ရွှေဆံတော်စေတီဘက်ကို လိုင်းကား ၂၀၀ တန်လေး စီးပြီး ထွက်လာခဲ့ပါတယ်။ .ရွှေဆံတော်စေတီ ရင်ပြင်ပေါ်တက်ပြီး အဲဒီရင်ပြင်အနီးမှာရှိတဲ့ သန့်စင်ခန်း(ရေချိုးခန်း)မှာ မျက်နှာသစ် ၊ ကိုယ်လက် သန့်စင်ပြီး.. ဘုရားဝတ်ပြုဖို့  ရင်ပြင်ပေါ် ပတ်လျှောက်လာခဲ့ပါတယ်။ ဘုရား ဝတ်ပြုပြီး ရင်ပြင်တဝိုက်မှာ ဟိုဟိုသည်သည် ပတ်ကြည့်နေမိတော့... .မြင်ရသမျှက မနက်ခင်းလင်းရောင်နုနုအောက်မှာ ကြည်လင်တောက်ပပြီး ဘဝင်ကျဖွယ်ရာ ရှုမျှော်ခင်းပါပဲ။ ဟို....ဝေးဝေးမှာ ဧရာဝတီမြစ်ကြီးကို လှမ်းမြင်ရပြီး.

အကုန် ပျော်မယ်…ကျုံထော်ဝယ်…

Image
ခရီးတွေ သွားရတာကို စိတ်ဝင်စားတဲ့ မိတ်ဆွေတွေကို စိတ်လှုပ်ရှားစရာ ခရီးစဉ်တခုနဲ့ မိတ်ဆက်ပေးပါရစေ။ သဘာဝတောတောင် ရေမြေရှုခင်းတွေကို ချစ်ခင်တွယ်တာ မက်မောတတ်တဲ့ခရီးသွားတို့ သွားသင့်ရောက်သင့်တဲ့နေရာ ဖြစ်ပါတယ်။ ကျနော် အခုပြောပြနေတဲ့ ခရီးစဉ်က ကရင်ပြည်နယ် ၊ ဘားအံမြို့ကနေ မြိုင်ကြီးငူဘက်ကို (မိုင် ၅၀ ကျော်လောက်) ထပ်သွားရင် ရောက်မယ့် “ကျုံထော်ရေတံခွန်”ပါ။ ဘားအံမြို့ အဝေးပြေး ကားဝင်းနားက လမ်းခွကနေ မြိုင်ကြီးငူဘက်ကို တည့်တည့်မောင်းလာရင် ရောက်ပါတယ်။ လမ်းတလျှောက်မှာ ရာဘာတောကြီးတွေနဲ့ ကျောက်တောင်နံရံကြီးတွေကို ကွေ့ကာဝိုက်ကာ မြင်ရပြီး လတ်ဆက်သင်းပျံ့တဲ့ သဘာဝလေတဟူးဟူးနဲ့ သွားလာရတဲ့ ခရီးစဉ်မို့  ပျော်ရွှင်ကြည်နူးစရာ ကောင်းပါတယ်။ မြင်ရတဲ့ ကျောက်တောင်နံရံကြီးတွေဟာ မှိုင်းညှို့ပြီး ကျောက်သားစိုင် အချွန်အတက်တွေနဲ့ ထီးထီးမားမားကြီးတွေပါ။ ကျောက်တောင်နံရံတွေမှာ ကပ်လျက်ပေါက်နေတဲ့ သစ်ပင်ကြီးတွေကလည်း ပင်စည်ဖြူဖြူတွေ ဖြောင့်တန်း မတ်ထောင်နေတော့ ကြည့်ရတာ... အိပ်မက်အလား... ဆန်းပြားနေပါတော့တယ်။ လမ်းတဝက်လောက် ကားလမ်းမပေါ်မှာပဲ ရွှေဂွန်းဆိုတဲ့ ရွာကြီးရဲ့ ဒေသရိုးရာ ဈေးကလေးထဲဝင်ပြီး လိုအပ်တဲ့ အစားအသောက်နဲ့ အသုံးအဆေ

ဇာတ်လမ်းသစ် – အမိကောင်းကင်

.တောအထပ်ထပ် တောင်အသွယ်သွယ်ကို ဖြတ်ပြီး ကိုယ် လာခဲ့သည်။ ကိုယ်၏ ခြေဦး တည်ရာသည်ကား ချင်းတောင်တန်းတနေရာ။ ကိုယ်၏ ချစ်သူရှိရာ မြူတွေရစ်ဆိုင်းနေသည့် ချင်းတောင်တန်းမြေပေါ်သို့ ဆွေးမြေ့လွမ်းလျသော တမ်းတစိတ်တို့ဖြင့် ကိုယ် လာခဲ့ပြီ။ ကိုယ့်ချစ်သူသည် ''အမိကောင်းကင် ကြယ်စင်မောင်နှမ'' နာမည်ဖြင့် အများသိကြသော ဇာတ်လမ်းထဲမှ စေတနာ့ဝန်ထမ်း ဆရာမလေးသာဖြစ်သည်။ ကိုယ့်ချစ်သူသည် ရုပ်ရှင်မင်းသမီး သက်မွန်မြင့်နှင့် နည်းနည်းကလေးမှ မလွဲ တထေရာတည်းဖြစ်သည်။ ဟိုအချိန်တခါကဖြင့် ကိုယ့်ချစ်သူရှိရာ တောင်ပေါ်ဒေသသို့ ကိုယ် သွားရောက် ခေါ်ငင်ခဲ့ဖူးသည်။ ထိုစဉ်ကတော့ ကိုယ့်ချစ်သူလေးခမျာ တောင်ပေါ်ဒေသမှ လူမည်ခွင့် အပြည့်အဝ မရရှာသော လူမမည်ကလေးများ၏ ဘဝများကို သနားလွန်း၍ဆိုကာ သူမဘဝကို ကလေးများအတွက် မြှုပ်နှံပစ်တော့မည်ဟု ဆုံးဖြတ်ကာ နေရစ်ခဲ့သည်။  https://youtu.be/MioVlHvlYds 1. မီးအိမ်ရှင် MP3 - တေးဆို ထွန်းထွန်း နှစ်အနည်းငယ်ကြာအပြီးမှာတော့ ကိုယ့်ချစ်သူထံမှ စာကလေးတစ်စောင် ကိုယ့်ထံရောက်ခဲ့သည်။ ထိုစာထဲ ရေးထားသမျှထဲတွင်. . .တောင်ပေါ်ဒေသ တိုးတက်လာလိမ့်နိုးဖြင့်

သပြေခက်နဲ့ ရေပက်တာ ပျော်စရာဟဲ့ တော်ရှာသကွဲ့

ရန်ကုန်မြို့ပြ သင်္ကြန်ပွဲတော်ကို ''မချစ်မနှစ်သက်သူနဲ့ ပေါင်းသင်းဆက်ဆံရသလို'' ခံစားမိပြီးတဲ့နောက်ပိုင်း. . . သင်္ကြန်ရောက်တိုင်း ကျနော် အိမ်တွင်း အောင်းပါတော့တယ်။ တွင်းအောင်း သတ္တဝါလည်း မဟုတ်လေတော့  အိမ်တွင်း ကြာကြာ မအောင်းနိုင်တော့တဲ့နောက်ပိုင်း. . . သင်္ကြန်ရောက်တိုင်း ခရီးစဉ်တခုခု ဆွဲပြီး ရန်ကုန်နဲ့ဝေးရာကို ပြေးပါတယ်။  ငွေကြေး ပြည့်စုံပေါများသူလည်း မဟုတ်လေတော့ ကျနော့်သူငယ်ချင်းတယောက်ရှိရာ ကရင်ရွာကလေးဆီကိုပဲ ဒီနှစ်တွေထဲ သွားဖြစ်နေတယ်ဆိုပါတော့. . .။ >>>>>>>>>>>>>>>>>>>>>> မနှစ်က (၂၀၁၄)သင်္ကြန်တွင်းမှာတော့ ကရင်ရွာထဲ မြို့ထဲ လျှောက်မသွားပဲ မြစ်ကမ်းစပ်တို့ တောင်ထိပ်တွေတို့ကို သွားနေခဲ့တာ။ ဆိုတော့ မနှစ်က သင်္ကြန်ဆိုတဲ့ အငွေ့အသက်ကို လုံးမဝ မရ။ ရေလောင်း ရေပတ်ခြင်းဟာ ကျနော်ဆိုတဲ့ချာတိတ်နဲ့ မဆိုင်ရေးချ မဆိုင်ခဲ့။ ဒီနှစ် ၂၀၁၅ မှာတော့ ကျနော် တောတွေ တောင်တွေထဲ မသွားပဲ ဂူတွေဘက် လှည့်သွားခဲ့ပါတယ်။ သင်္ကြန်တွင်းကြီး မြို့ရွာလမ်းတွေထဲ ပတ်သွားနေရတာမို့ ကရင်ပြည်နယ် ဘားအံတဝိုက်က သင်္ကြန်အငွေ့အသက်ကို ကောင်းကောင်း ခံ