Posts

Showing posts from January, 2015

စိန်ခေါ်ခြင်း

Image

ဤစာသားများ…သမိုင်းတွင်လေရစ်ပေတော့… - အလင်းဆက်

Image
မြေကမ္ဘာရေ. . . ရှိုက်သံအနှောနှော. . . သက်ပြင်းအရောရောနဲ့ ဒရောသောပါးပါပဲ ငါ မင်းထံ. . .ရောက်ခဲ့တယ်. . . မြေကမ္ဘာရေ. . . လက်ညှိုးအမည်းရောင်များနဲ့ အသံနီနီညိုညစ်တို့ . . . ဖုံးလွှမ်းစေရမယ့် နက္ခတ်ဇယားကွက်မှာ. . . ကံမိုးသည်းထဲ ငါ မလွဲဘဲ ပါနေတယ် မြေကမ္ဘာ… အို. . .မြေကမ္ဘာ. . . သင့်ရင်သွေးဖြစ်တဲ့ငါ. . . သင့်လို ခိုင်မတ်ဖြောင့်တည်မှုနဲ့ တောင့်တင်းစွာ မရပ်နိုင်ဘဲ ပြိုလဲဖူးတဲ့ ကာလတွေအတွက် သင့်ကို ငါ . . . ရှက်ပြုံး တစ်ချက်ဖြစ်ဖြစ် . . .ပြုံးပြခွင့်ပြုပါ မြေကမ္ဘာ. . . မြေကမ္ဘာ. . . သင့်သီအိုရီအရ အမှောင်တစ်ခြမ်းအလင်းတစ်ဝက်နဲ့ နေမဝင်ခင် သပ်သပ်ရပ်ရပ်ပြန်ဖြစ်လို့. . . ငါ့ မွန်းကျပ်ခြင်းတို့ ခဏတာပြီးဆုံးခဲ့ပြန်တယ်. . . မြေကမ္ဘာရေ. . . နောက်ဆုံးမှာ . . . နိဂုံးဟာ မီးခိုးလုံးဖြစ်ရမယ်ဆိုတဲ့ . . . သင့်ရဲ့ မလွဲတဲ့ ဒဿနနဲ့ ငါ့ကိုယ်ငါ ပြန်တည်ဆောက်ပြီး ”ပျောက်သောသူငါ့ကို” ”ရှာသောသူငါ”ကပဲ ဘွားခနဲ တွေ့လိုက်တယ်. . . မြေကမ္ဘာရေ. . . သင့်ရဲ့ စံနမူနာကို တုပြီး. . . ငါအခု . . . ငါလေ. . .အခု. . . အေးစက်တဲ့ သံလွင်မြစ်ကမ်းနံဘေးက ကျောက်ခက်ကျောက်ဆောင် ခပ်သေးသေး

ရှုရှုး ပေါက်တဲ့ အနုပညာ… - အလင်းဆက်

Image
#### စိတ်ကူးအဓိက အနုပညာ ၀ါဒ CONCEPTUALISM (သို့မဟုတ်) ရှုရှုး ပေါက်တဲ့ခွက်က..အနုပညာပစ္စည်းလား #### ———————————————————————————————————————————————————- စိတ်ကူးအဓိက အနုပညာ ၀ါဒ CONCEPTUALISM အကြောင်း…. နည်းနည်း ဖြည့်ပြောပါရစေ..။ ( ကျင်ငယ်စွန့်တဲ့ ကြွေ ခွက်က အနုပညာ ပစ္စည်းတဲ့…) ဆိုတဲ့ အမည်နဲ့  ပို့ စ်မှာ… CONCEPTUALISM အကြောင်း… အညွှန်း သဘောလေးလောက် ပြောခဲ့ဖူးပါတယ် ။ ) ( အခုဆောင်းပါးက န ငယ်.. အမြီးလေး..( နည်းနည်း တိုနေတယ် ထင်လို့ ) ထပ် ဆွဲ ဆန့်ပေးတဲ့ ဆောင်းပါးလို့ ပြောရင်လည်း ရပါတယ် ။ အတွန့် တက် ဆောင်းပါး လို့ ခေါ်ရင်လည်း ရပါတယ် ။) —————————————– ဆရာကြီး  MERCAL  DUCHAMP ( 1887 – 1968 ) ရဲ့  FOUNTAIN အမည်ရှိ… / ကျင်ငယ်စွန့်  တဲ့ ကြွေခွက် ဟာ..စိတ်ကူးအဓိက အနုပညာ ၀ါဒ ပေါ်ပေါက်လာဖို့ … လုံလောက်တဲ့  အပြင်းထန်ဆုံး တွန်းအား တစ်ခုပါ ။ စိတ်ကုး အဓိက အနုပညာ ၀ါဒကြီး.ပေါ်ပေါက်လာပြီး.နောက်ပိုင်းမှာ…. အနုပညာ ရဲ့ ဖြစ်တည်မှု ဟာ..ကစဥ့်ကလျား…ဖြစ်သွားတယ်..လို့ …ထင်မိပါတယ် .။ DUCHAMP..ရဲ့ … အယူအဆ အရ ဆိုရင်… ဘယ်အရာ / ဘယ် ပစ္စည်းကို မဆို… အနု

ဂျူးရယ်…ကျနော်ရယ်…တီသဲနဲ့ မွန်မွန်ရယ်…

Image
  ဇန္နဝါရီလ ၁၇ ရက်၊ စနေနေ့ မနက် ၇း၃၀ ကတည်းက မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံထဲ ကျွန်တော် ရောက်နေခဲ့တယ်။ ကျွန်တော်နေတဲ့ မင်္ဂလာဒုံမြို့နယ်ကနေ အဲ့ဒီ နိုဘယ်-မြန်မာ စာပေပွဲတော်ရှိရာကို ၇း၃၀ ရောက်နိုင်ဖို့ အိပ်ရာစောထပြီး ကားနှစ်ဆင့်ပြောင်းစီးလိုက်ရပါတယ်။ ပွဲတော်ကို ကျွန်တော်ရောက်တော့ စာပေသမားကြီးတွေ စုစုရုံးရုံးနဲ့ စတင် စည်ကားနေပါပြီ။ ပွဲတော် ဖွင့်ပွဲကျင်းပမယ့်အချိန်ကိုက မနက် ၈း၃၀ လေ။ ဇာတ်ရုံရှေ့က ကွင်းပြင်ကြီးထဲမှာ နှလုံးသားအာဟာရ တိုက်ကျွေးခဲ့သူကြီး ဆရာဖေမြင့်. . . သူက ဒီပွဲဖြစ်မြောက်ရေးကို စီစဉ်နေရတော့ မအားလပ်နိုင်ရှာဘူး။ ဒီကြားထဲ ရုပ်သံမီဒီယာသမားတွေနဲ့ သတင်းဂျာနယ်လစ်တွေရဲ့ အင်တာဗျူးတွေကိုလည်း ဟိုလျှောက်ဒီလျှောက် စီစဉ်ညွှန်ကြားပေးနေရင်းကပဲ  မေးလာသမျှတွေကို မပြတ်တမ်းဖြေနေရသေးတယ်။ ဆရာမ ရွှေကူမေနှင်း ကိုလည်း ပွဲရင်ပြင်ထဲမှာ စာပေသမားတစ်စုနဲ့ ရယ်ရယ်မောမော တွေ့ရတယ်။ အသက်ရွယ်ကြီးနေပြီဖြစ်တဲ့ စာပေသမားကြီးတွေကို အဲဒီလို သက်တောင့်သက်သာ မြင်တွေ့ရတာ ကျေနပ်ဝမ်းသာမိပါတယ်။ ကျွန်တော် ရောက်ပြီးနောက် မကြာခင်မှာပဲ ရောက်လာတာက အဝါရောင် အကျီ င်္လေးနဲ့ ဆရာမဂျူး ။ ဂျူးဝင်လာတာနဲ့ လူငယ်စာချစ