Posts

Showing posts from December, 2015

E

Image
E = End နိဂုံးဆိုတာ နိဒါန်းရဲ့ အစ... လို့ ပြောရမလိုပါပဲ... နှစ်တစ်နှစ်ရဲ့ အဆုံးသတ်အချိန်ဟာ....နောင်နှစ်သစ်တစ်ခုအတွက် အစဆုံးသော အချိန်... .အေးလေ... ဒီနှစ်ရဲ့ နောက်ဆုံးအချိန် စက္ကန့်အပြီးမှာ ဟောဒီကမ္ဘာကြီးက ပျက်စီး အဆုံးသတ်သွားမှာမှ မဟုတ်တာ။ .နောက်နှစ်သစ်တစ်ခု ဖြစ်တဲ့ ၂၀၁၆ ခုနှစ်ကို ဖျတ်ခနဲ...ကူးပြောင်း ရောက်ရှိသွားမှာပဲ မဟုတ်လား။ ဒီတော့ ၂၀၁၅ ရဲ့ နိဂုံးဟာ...၂၀၁၆ ရဲ့ နိဒါန်းလည်း ဖြစ်ပါတယ်။ နှစ်သစ်မှာ... စိတ်သစ်လူသစ် အားအသစ်တွေနဲ့... ကောင်းကျိုးချမ်းသာ အဖြာဖြာကို သစ်လွင်တောက်ပစွာ ရယူပိုင်ဆိုင်နိုင်ကြပါစေ...လို့... မြန်မာပြည်သူား အာလုံးအတွက ဆန္ဒပြုလိုက်ပါတယ်။ နှစ်သစ်မှာ စိတ်လက်ချမ်းသာစွာနဲ့...လန်းဆန်းတက်ကြွစွာ ကောင်းကျိုးလိုရာ ပိုင်ဆိုင်မှုအသစ်တွေ ရနိုင်ဖို့ဆိုတာလည်း... အခွင့်အလမ်းက ရှိပါဦးမှ... တိုင်းပြည်တစ်ပြည်အတွင်းက ပြည်သူတွေအနေနဲ့ ဘယ်လောက် ကြိုးစား ရုန်းကန်ပါစေ... ရုန်းကန်ရသလောက် ထိုက်တန်တဲ့ ရလဒ်ကို ပြန်ရနိုင်ဖို့ဆိုတဲ့ အခွင့်အလမ်းမရှိရင်... အဲဒီအခွင့်အလမ်းကို တစ်ခုခုနဲ့ ပိတ်ပင်ကန့်သတ်ထားရင်... ဘာမှ အကျိုးမရှိပဲ... ဒုံရင်း အနေအထားထက် နိမ့်ကျနွမ်းပါးသွားမှာပဲ... ။

D

Image
D = Drama story   အကဲပါပါ အသည်းတခါခါ ဖြစ်သွားစေလောက်သော ဇာတ်လမ်းတစ်ပုဒ်တော့ဖြင့် ဘဝမှာ ရေးဖူးခဲ့ချင်သည်၊၊ .မြန်မာနိုင်ငံသား ပီသသည်ဟု ဆိုရမည်၊၊ .မြန်မာပြည်သည် နိုင်ငံသားတို့အတွက် ငိုမည်ဆိုလျှင် မျက်ရည်ချောင်း စီးလောက်စရာ အကြောင်းအချက်များစွာတို့ ပြည့်နှက်နေသော တိုင်းပြည် ဖြစ်သည်၊၊ ဂျုံးဂျုံးကျနေရာမှ ယိုင်ထိုးယိမ်းခါစွာ ကုန်းရုန်းထနေရသည့်ကြားကပင် မြန်မာနိုင်ငံ၏ မြို့တော်အတော်များများအတွင်း .နေထိုင်လှုပ်ရှားနေသူ တိုင်းသူပြည်သားတို့မှာ အလွမ်းအဆွေး ငိုခြင်းများနှင့်ပင် (တလွဲဆံပင်ကောင်းကာ)ပျော်မွေ့ကြလေသည်၊၊ ရုပ်ရှင်ဇာတ်ကား ကြည့်တာတောင် ဟာသကားဆိုလျှင် ပျော်ရွှင်ရယ်မောရမည့်အစား ပေါတောတောနဲ့ မကောင်းတဲ့ဇာတ်ကားကြီး ဟု ဆိုတတ်ကြသည်၊၊ သရုပ်ဆောင်တွေကို ထူးချွန်ဆု အကယ်ဒမီပေးလျှင်လည်း အငိုပက်စက် အလွမ်းဟက်တက်ကွဲပြတတ်မှ ---မင်းသမီးဆိုလည်း မျက်ရည်တွေ ငေါက်ခနဲငေါက်ခနဲ ပန်းထွတ်အောင် ငိုတတ်ပါမှ---  ပေးကြ ရကြသည်၊၊ .ကြည့်ရှုခံစားသူတွေကလည်း ရုံထဲမှာ ကြည့်ရင်း မျက်ရည်လေးတို့ ဝေဝေသီသီ--- "ငါဖြင့် သနားလွန်းလို့ ရုပ်ရှင်ရုံထဲ ငိုတောင်မှ ငိုမိကရော" ဟု ပြန်ပြောရခြင်းမှာ

C

Image
C = Clean oooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooo ကျနော်တို့သည် ညစ်ပတ်ပေရေလွယ်သော ပတ်ဝန်းကျင်ထဲတွင် နေသားတကျ ပါဝင်လှုပ်ရှားနေကြရသူများဖြစ်သည်၊၊ အဲ့သည် ညစ်ပတ်ပေရေမှုများကို တတ်နိုင်သမျှ ဖယ်ရှားပစ်ပြီး သန့်ရှင်းစင်ကြယ်စွာ နေထိုင်နေသူများလည်း ဖြစ်သည်၊၊ ကျနော်တို့၏ တကိုယ်ရည်သန့်ရှင်းမှုမှအစ--- ကျနော်တို့နေထိုင်ရာ အခန်း---ပတ်ဝန်ကျင်တဝိုက်အလယ်--- ကျနော်တို့၏ တိုင်းခန်းပြည်ရွာအဆုံး---ထိုအတောအတွင်းရှိ အညစ်အကြေးများကို ဖယ်ရှားသန့်စင်ပစ်ရင်း လူရည်သန့်များဖြစ်အောင် (ထို့အပြင် ရောဂါပိုးမွှားစွဲကပ်သူများ မဖြစ်အောင်) သက်ရှင်နေထိုင်ကြရသည် မဟုတ်လား၊၊ ကိုယ်နေထိုင်သည့်အခန်းကလေး သန့်ရှင်းသပ်ရပ်နေဖို့ လိုပါသည်၊၊ ကိုယ့် "ကိုယ်"သည်လည်း သန့်ရှင်းစင်ကြယ်နေဖို့ လိုပါသည်၊၊ သို့သော် ကျနော်တို့သည် ပြင်ပမှ မြင်လွယ်တွေ့လွယ်သော အရာများကိုသာ သန့်စင်ဆေးကြောလေ့ရှိပြီး မမြင်ရသော အမှိုက်များကိုတော့ တော်ရုံနှင့် မမြင်တွေ့ဘဲ ထို မမြင်နိုင်သော အမှိုက်သရိုက်များကြားမှာ ညစ်ထေး ရှုပ်ပွနေတတ်ပါသည်၊၊ ကျနော်ဆိုလိုသည့် မမြင်လွယ်သော အမှိုက်ဆိ

B

Image
B=Burmese Film  .ပြီးခဲ့သည့် ရက်ပိုင်းတွေအတွင်း စိတ်ပြေလက်ပျောက်သဘောဖြင့် ရုပ်ရှင်တစ်ကား ဝင်ကြည့်ဖြစ်ပါသည်၊၊ စိတ်ပြေလက်ပျောက်ဟု အသေအချာ အခိုင်အမာ ပြောနိုင်သည်မှာ ထိုနေ့က ရုပ်ရှင်ဇာတ်ကား၏ ဆွဲဆောင်မှုကြောင့် ဝင်ကြည့်ဖြစ်ခြင်းမျိုး လုံးဝ မဟုတ်ဘဲ ဇာတ်ကားကို ဂရုမစိုက်၊ စိတ်ပြေလက်ပျောက် ကြည့်လိုက်မည်ဟူသော အတွေးဖြင့်သာ ဝင်ကြည့်ခဲ့ခြင်းကြောင့် ဖြစ်သည်၊၊ ဇာတ်ကား၏ ဆွဲဆောင်မှုကြောင့်သာ ကြည့်ဖြစ်မည်ဆိုလျှင် ဗမာဇာတ်ကားတစ်ကားကို အချိန်ကုန်/ ငွေကုန်ခံပြီး ဝင်ကြည့်ဖြစ်ပါ့မလား၊၊ အဲသည်နေ့ကတော့ မည်သည့်ဇာတ်ကားဖြစ်စေ--- ရုပ်ရှင်ရုံထဲ ဝင်ထိုင်ကြည့်ပစ်လိုက်ဖို့သာ စိတ်စောနေခဲ့သောကြောင့် ဘယ်တုန်းကမှ တပ်မက်ခြင်းမရှိဖူးသော--- (ကျနော့်ကို ဆွဲဆောင်နိုင်စွမ်းမရှိရှာသော) ဗမာဇာတ်ကားတစ်ကားကို အလိုအလျောက် ဝင်ကြည့်မိသွားသည်၊၊ အဲသည်နေ့က ကျနော် ကြည့်မိသော ဇာတ်ကား၏ အမည်မှာ "ကောင်းကျိုးကိုယ်၌ တည်စေမင်း" ဖြစ်သည်၊၊ ဒါရိုက်တာ "  ဒါရိုက်တာ ဇေပါ     " က ဖန်တီး ရိုက်ကူးပေးထားပြီး အဓိက သရုပ်ဆောင်များအဖြစ် ခန့်စည်သူ၊ခိုင်သင်းကြည်နှင့် အရိုင်း၊ အိချောပိုတို့က ဇာတ်ဆောင်ခဲ့သည်၊၊ ဇာတ်လမ်း

A

Image
        A A -> Art (Art ဆိုသည့် စကားလုံးကို (အတတ်ပညာ။ အနုပညာ။ ကောက်ကျစ်သောမာယာ စသည်ဖြင့် အဘိဓါန်တွေမှာ ဖွင့်ဆိုပြထားတာ .တွေ့ဖူးခဲ့သည်ဆိုဦးတော့... ) ကောက်ကျစ်သောမာယာဆိုသည့် စကားလုံးဖြင့် ဖွင့်ဆိုရသည်အထိတော့... အပြောအဆို မရက်စက်စေချင်ပါ။) Art ဆိုသည့် စကားလုံးလေးကို မြင်လိုက်သည်နှင့်...ကျနော် ပြေးမြင်မိတာက.... ကျနော် ဖတ်ခဲ့ဖူးသော စာပေအနုပညာ လက်ရာများကိုသာ ဖြစ်သည်။ တကယ်တော့ Art ဆိုသည့် စကားလုံးလေးသည် အနုပညာ ဟု ဆိုရုံမျှနှင့်ပင်... စာပေ၊ ဂီတ၊ ရုပ်ရှင်၊ ပန်းချီ၊ ပန်းပု ...စသည့် လက်ရာများစွာကို ဖော်ညွှန်းနေသည့်အပြင် နက်ရှိုင်းကျယ်ပြန့်လှသော နယ်ပယ်ရပ်ကြီးတခုလုံးကို ကိုယ်စားပြုထားမှန်း အားလုံးလည်း သိကြပါသည်။ ဘာလို့များ... ကျနော်က Art ဆိုတာနဲ့...စာပေအနုပညာလက်ရာတွေကိုသာ ပြေးမြင်သလဲ.... သည်မေးခွန်းအတွက် အဖြေကတော့ ရှင်းပါသည်။ ကျနော်က... (အနုပညာ ပုံစံများစွာထဲကမှ) စာပေအနုပညာကိုသာ အချစ်မြတ်အတွယ်တာဆုံး ဖြစ်နေလို့ပေါ့။ အဲ့သည်... ကျနော် အချစ်ဆုံး အမြတ်နိုးဆုံးပါဆိုတဲ့ စာပေအနုပညာ ရပ်ဝန်းထဲမှာမှ.... ဖန်တီးမှု(ဝါ) တင်ပြမှု(ဝါ)ပုံသဏ္ဍာန်မျိုးစုံ(များစွာ) ရှိနေသည်အထဲမှ.... သ