Posts

“ဂျူးရဲ့ ရသခြုံလွှာကို ခံစား၊ဝေဖန်ခြင်း”

Image
ဂျူး၏ #သက်တံတို့ဖြင့်ရက်ဖွဲ့ ချစ်သူရဲ့ခြုံလွှာကို ဝေဖန်ညွှန်းဆိုချက် (ရွှေအမြုတေ၊ ၂၀၁၈ စက်တင်ဘာလထုတ် မဂ္ဂဇင်းတွင် ဖော်ပြပြီးသည့် ဆောင်းပါး) —————- “ဂျူးရဲ့ ရသခြုံလွှာကို ခံစား၊ဝေဖန်ခြင်း” ၁။ စာအုပ်အမည် = သက်တံတို့ဖြင့်ရက်ဖွဲ့ ချစ်သူရဲ့ခြုံလွှာ စာရေးသူအမည်=ဂျူး ထုတ်ဝေခြင်း= ဂျူးစာပေ၊ ၂၀၁၈ ခုနှစ်၊ ဇွန်လ တန်ဖိုး= ၄၅၀၀ ကျပ်၊ စာမျက်နှာပေါင်း ၃၅၄ မျက်နှာ။ ၂၀၁၈၊ ဇွန်လထုတ် (…လို့ ပုံနှိပ်မှတ်တမ်းမှာ ရေးထားပေမဲ့ ဇူလိုင်လထဲမှာမှ ဆိုင်ပေါ်ရောက်တဲ့) ဆရာမဂျူးရဲ့ “သက်တံတို့ဖြင့်ရက်ဖွဲ့ ချစ်သူရဲ့ခြုံလွှာ” အမည်ရှိ စာအုပ်သစ်အကြောင်း နည်းနည်း ပြောပါ့မယ်။ စကားမကျန်အောင် ကြိုရှင်းပြရရင် စာပေလောကမှာ Book Review (စာညွှန်း) နဲ့ Literary Criticism (စာပေဝေဖန်ရေး) ဆိုတာ မတူကွဲပြားတဲ့ ဖန်တီးမှုများ ဖြစ်ကြောင်း ကျွန်တော် မောင်သင့် သိသလို၊ အားလုံးလည်း သိပြီး ဖြစ်ပါတယ်။ စာညွှန်းက ပေါ့ပေါ့ပါးပါး ညွှန်းဆိုပြတာလောက်ပဲဖြစ်ပြီး စာပေဝေဖန်ရေးကတော့ ပညာရပ်ဆန်သော၊ လေးနက်ကျယ်ပြန့်သောသဘော ရှိပါတယ်။ စာပေဝေဖန်ရေးဆိုတဲ့ နယ်ပယ်ထဲကနေ စာအုပ်၊ စာပေတွေကို ဝေဖန်မယ် ဆိုရင် ဝေဖန်သူဆီမှာ မလွဲမသွေ ရ...

မုဒြာရဲ့ခေါ်သံကို ခံစား ဝေဖန်ခြင်း

Image
မုဒြာရဲ့ခေါ်သံကို ခံစား ဝေဖန်ခြင်း ''သင့်အေးရိပ်'' --------------------------------------- အခုတလော လူပြောများခဲ့တဲ့ မုဒြာရဲ့ ခေါ်သံ ဇာတ်ကားနဲ့ပတ်သက်ပြီး သမိုင်းကျန်အောင် နည်းနည်း ပြောခဲ့ချင်သေးတယ်။ ဒီကား ရုံတင်ချိန်က အန်တီဆွေဇင်ထိုက်ရဲ့ ဝေဖန်စကား “မြို့သားရိုက်တော့ မြို့လက်ရာပေါ့” ဆိုတာကြောင့် ရုပ်ရှင်လောကသား အချင်းချင်း အငြင်းတွေပွားကြ၊ ဆွေ့ဆွေ့ခုန်ကြနဲ့ အတော်လေး ပွက်လောရိုက်နေကတည်းက ကြည့်ချင်စိတ် ဖြစ်မိတဲ့ကားပါ။ မြန်မာရုပ်ရှင်တွေ မကြည့်ဖြစ်တာ ကြာပြီဆိုတဲ့ စကားကို ပြောတဲ့သူတွေ စာရင်းမှာ ပါနေတဲ့ ကျနော့်အတွက်တော့ မြန်မာရုပ်ရှင်ကားတစ်ကားကို ရုံမှာ အချိန်ပေးပြီး သွားကြည့်ချင်စိတ် ဖြစ်လာအောင် လှုံ့ဆော်မှု ပေးနိုင်တာက စတယ် ဆိုပါစို့။ ကျနော် သွား မကြည့်မချင်း “မကြည့်သေးဘူးလား… သွားကြည့်အုန်း”ဆိုပြီး တိုက်တွန်းပေးတဲ့ သူငယ်ချင်းတစ်ယောက်ကြောင့်လည်း ရုံ စတင်ပြီး တစ်ပါတ်ကျော် ကြာမှ သွားကြည့်ဖြစ်ခဲ့။ ကြည့်ပြီးလျှင် ပြီးခြင်းပဲ အဲ့ဒီသူငယ်ချင်းက ကျနော့် မှတ်ချက်ကို ကြားချင်တာကြောင့် ထင်ရဲ့ “ဘယ်လိုလဲ… ကောင်းတယ် မဟုတ်လား”တဲ့။ ကျနော် ဘယ်လို ပြန်ဖြေရမလဲ...

အတိတ်တချို့ ပျောက်ဆုံးခြင်း

Image
            နေ့ တွေကတော့ တစ်နေ့ ပြီး တစ်နေ့   ကုန်နေခဲ့ ပြီ….. ဖြစ်တည်မှုအသစ်နဲ့  ဆုံ ဖို့  ဘယ်နှစ်မှတ်တိုင်လောက်…..   လိုသေးသလဲ.? ဘယ်သူကမှ တစ်ဝက်တစ်ပျက်နဲ့   မရပ်တန့် ချင်ပါဘူး။ ဒါပေမယ့်   ကံတရားရဲ့   ရယ်သံတွေကြားမှာ… အရာရာက  စနစ်တကျ မှားနေခဲ့ ပြီးသား။ ….   ….   …   …   …   …   … ဒါကြောင့်လည်း…………….. ငါ့ကို  ငါ ပြန်ရှာ မတွေ့ သေးတာ။   ---------------   သင့်အေးရိပ် Photo - from internet        

ဝမ်တိန်အသွားလမ်းကို ခံစား၊ ဝေဖန်ခြင်း (စာပေဆောင်းပါး)

Image
ဝမ်တိန်အသွားလမ်းကို ခံစား၊ ဝေဖန်ခြင်း (ရွှေအမြုတေ/ မေလ- ၂၀၁၇) ---------------------------------- ၁။ ၂၀၁၇၊ မတ်လထုတ်၊ ရွှေအမြုတေမဂ္ဂဇင်းမှာ ပါလာတဲ့ ဆရာဥာဏ်သစ်ရဲ့ "ဝမ်တိန်အသွားလမ်းမှသည်"ဆိုတဲ့ စာပေဝေဖန်ရေး ဆောင်းပါးကို ဖတ်လိုက်ရပါတယ်။ အဲဒါဟာ ဘာသာပြန်သူ"ဝင့်ပြုံးမြင့်"က "ဝမ်တိန်အသွားလမ်း" အမည်နဲ့ မြန်မာပြန်လိုက်တဲ့ မူရင်းစာရေးဆရာမ WENDY LAW-YONE ရဲ့ THE ROAD TO WANTING ဆိုတဲ့ စာအုပ်ကို ခံစား ဝေဖန်တဲ့ ဆောင်းပါး ဖြစ်ပါတယ်။ ဆရာမ ဝင့်ပြုံးမြင့် ဘာသာပြန်တဲ့ စာအုပ်တွေကို အခုမှ စဖတ်ဖူးတာပါဆိုတဲ့ ဆရာဥာဏ်သစ်က သူ့ဆောင်းပါးထဲမှာ "ဘာသာပြန်သူဟာ အမှားပေါင်း ၂၀၀ လောက် မှားထားတယ်"လို့ ဆိုပါတယ်။ အဲဒီဆောင်းပါးကို ဖတ်မိတော့မှ ဆရာမဝင့်ပြုံးမြင့်ရဲ့ ဘာသာပြန် စာအုပ်သစ် ထွက်ရှိကြောင်း ကြားရုံကြား၊ မြင်ရုံမြင်ပြီး မဖတ်ရသေးတာကို သတိရသွားတာက တစ်ကြောင်း၊ အမှား ၂၀၀ လောက် ပါနေတယ်ဆိုလို့ "ဟ... ဘယ်လို ဖြစ်တာပါလိမ့်" ဆိုပြီး စာအုပ်ဆိုင်မှာ အပြေးအလွှား သွားဝယ်ပြီး၊ စိတ်ဝင်တစား ဖတ်မိတာက တစ်ကြောင်း၊ အဲ့ဒီလို အကြောင်းတွေ တိ...

ရနံ့တစ်ဝက် အသံတစ်ဝက်နဲ့ လွင့်ပျံ့လာတဲ့ အရောင်

Image

ပြိုင်ပွဲထဲ ဝင်မပါတော့တဲ့လူရဲ့ ခြေရာ

“ခြေရာ” ————————————————————- “ဒါ ကျားခြေရာဆိုတာ သေချာရဲ့လား” “သေချာပါတယ်၊ ဘာဖြစ်လို့လဲ” “သြော်… ဘာရယ်တော့ မဟုတ်ပါဘူး။ ကြောင်ခြေရာကို အကျယ်ချဲ့ပြီး ကြည့်လိုက်တာလားလို့ပါ၊ အင်း….. ဖြစ်တတ်လို့ပါ။” တာရာမင်းဝေ ကျွန်တော်တူးဖော်ခဲ့သည့် မြေစိုင်မြေခဲများအကြောင်း ၁၉၉၇ / နိုဝင်ဘာလထုတ် စာအုပ်ထဲမှ “ခြေရာ”အမည်ရှိ ဝတ္ထုတို။ ————————————————————- လွန်ခဲ့သော လေးငါးခြောက်ရက်တုန်းက ကျွန်တော် ကြောင်ခြေရာတစ်ခုကို အကျယ်ချဲ့ကြည့်မိပြီး ကျားခြေရာကြီး မြင်မိသလိုမျိုး ခံစားချက်တွေ အိုဗာ ဖြစ်မိခဲ့ပါသည်။ ပြဿနာ တစ်ခုနှင့် ကြုံရသည့်အခါတိုင်း သွေးဆူလွယ် ခံစားလွယ်တတ်သော ကျွန်တော့် ထုံးစံအတိုင်း တအုံ့နွေးနွေးဖြင့် မပြီးနိုင် မစီးနိုင် ခံစားမှုတွေ ပြင်းထန်ပြီး စိတ်ထင်ရာတွေ ပြောမိ၊ရေးမိ၊ လုပ်မိသည် ဆိုပါစို့။ အမှန်တော့ ကြုံရသည့် ပြဿနာသည် သွေးအေးသွားသော ယခုအချိန်မှာ ပြန်ကြည့်သောအခါ… ကျားခြေရာလောက်  မကြီးမားသည့် ပြဿနာမျှသာ … ။ အဲသည်တုန်းကတော့ သွေးမအေးတတ်သောကြောင့် ကြောင်ခြေရာလောက်ကို ကျားခြေရာကြီးသဖွယ် ထင်မှတ်ကာ ပိုပိုသာသာ ဖြေရှင်းချက် ထုတ်ချင်နေခဲ့ခြင်း ဖြစ်သည်။ အထူးအထွေလည်း မဟုတ်လှ။ အဲသည် ပြ...

”…..မြေပုံထဲမှာ မပါချင်တဲ့လမ်း”

Image
”…..မြေပုံထဲမှာ မပါချင်တဲ့လမ်း” တစ်ဖက်က တွန်းပြီး တစ်ဖက်က ဆွဲနေတုန်းပဲ။ ဘယ်သူနဲ့ဘယ်ဝါကလည်း တွန်းတိုက် ဆန့်ကျင်. . . ဘေးဘီနဲ့ဝဲယာကလည်း ကော့လန် ထွန့်လူး. . . ကြွေမှာကြောက်ရတယ်… နဂိုကတည်းကမှ အညှာမခိုင်သေးတဲ့ သစ်သီးအကင်းတွေ. . . ဒါပေမဲ့ ”အခါးဆိုတာ လူနဲ့ တည့်သကွ”ဆိုပြီး… နည်းနည်းတော့ အချိုပေါ့ထားတယ်။ ပြီးပါလေရော. . . ဖြစ်ပုံက အဲ့ဒီမှာကတည်းက စ. . . လွဲသွားခဲ့တာ။ ကိုယ့်အတွေးနဲ့ကိုယ် နီးစပ်လှပြီ ထင်နေတဲ့ နားရွက်တစ်စုံလိုပဲ. . . တကယ်တမ်းကျတော့ တစ်ဖက်ကို တစ်ဖက်က မမြင်ရရှာဘူး။ ဒီခရီး. . .နီးသလားတဲ့. . . ဟေ့အေး. . . ဝေးလွန်းတယ်။ သွားဖန်များတော့လည်း ခြေထောက် ညောင်းရုံပဲ။ လမ်းကိုက…………..”——” —————————————— သင့်အေးရိပ် 06-Jan-2017

ဘူတာအိုထဲမှာ ရထားအိုကို စောင့်နေသူများ

Image
ဘူတာအိုထဲမှာ ရထားအိုကို စောင့်နေသူများ  -------------------------------------------------------------------------------- အဲဒီနှင်းဆီဟာ... တစ်စချင်း တစ်ရွက်ချင်း ပြန်လည်တည်ဆောက်ပြီး လန်းဆန်းတောက်ပပြတော့မှာလား။ ဒါမှမဟုတ်... တစ်စချင်းတစ်ရွက်ချင်း ကြွေဆင်းနိမ့်ကျသွားပြီး .ရော်ဝါညှိုးခြောက်သွားတော့မှာလား။ ဘယ်လိုမှ ဝေခွဲမရတဲ့ အဖြစ်မျိုးဆိုပါတော့... အချိန်အတော်ကြာ ငတ်မွတ်တောင့်တနေရတဲ့ ရထားကြီးတစ်စင်း .ဟောဒီဘူတာဆီ ဆိုက်ရောက်ဖို့ လာနေပြီဆိုလို့ လိုက်ချင်လွန်းသူတို့ရဲ့ အထုပ်အပိုးပြင်သံတွေ  ညံထွက်သွားတယ်။ ဒါပေမဲ့... သိပ်မကြာခင်မှာပဲ ... .စောင့်ဆိုင်းရခြင်းနဲ့ အသားကျခဲ့သူတွေပီပီ အထုပ်အပိုးတွေပေါ်မှီတွယ်ရင်းပဲ  တရေးတမော ပြန်အိပ်ပျော်သွားကြလေရော... ဘူတာအိုကတော့... အရာအားလုံးကို သယ်ဆောင်သွားနိုင်စွမ်းမယ့် ရထားတစ်စင်းလောက် ဆိုက်လာဖို့ကို .မျှော်လို့.... ငေး....လို့.... ရထားကြီးကလည်း... .ထောင်ချောက်တွေ အပြိုင်းအရိုင်းဖူးပွင့်နေတဲ့ လမ်းအတုတွေထဲကနေ... .ဘေးမသီရန်မခဘဲ ဘူတာဆီရောက်မယ့်လမ်းအစစ်ကို ခက်ခဲစွာ ရွေးတုန်း....ခရီးကြီးရယ်မှ......

F

Image
F = Friend ~~~~~~~~~~~~~~ စကားလုံးများကို တို့ထိခဲ့သည်မှာ F သို့ တိုင်ခဲ့လေပြီ။ F နေရာသို့အရောက်မှာ တိုက်ဆိုင်စွာပင် တာရာမင်းဝေ၏ ခေတ်နေအတွက်စာတစ်ရွက်ဆိုသည့် စာအုပ်ကို ဖတ်လိုက်မိသည်။ ဆရာတာရာမင်းဝေကတော့ မိတ်ဆွေဆိုတာနဲ့ပတ်သက်ပြီး ''သူအိမ်ထောင်ပြုလိုက်တာဟာ သူ့မိတ်ဆွေတွေရဲ့ဘဝထဲကနေ ပျောက်ဆုံးသွားရသလို ခံစားပြီး''ရေးထားသည်။ ကျွန်တော့်မှာလည်း မိတ်ဆွေဆိုတာနှင့်ပတ်သက်ပြီး ပြောဆိုစရာလေးတွေ ရှိပါသည်။ ~~~~~~~~~~~~~~~~~~~ F ဆိုသည့်စကားလုံးနှင့်ပတ်သက်၍ စဉ်းစားလိုက်သည့်အခါတိုင်း Friend ဆိုသည့် သူငယ်ချင်းများအကြောင်းကို မစဉ်းစားမိဘဲ မနေနိုင်ပါ။ Friend ဆိုသည်မှာ ကျွန်တော်တို့အာလုံးအတွက် ဘဝ၏အစိတ်အပိုင်းတစ်ခု ဖြစ်သည့်အပြင် တစ်ခါတစ်ရံတွင် ကိုယ့်ဘဝကို တစ်နေရာရာဆီ ရောက်သွားတဲ့အထိ ပို့ဆောင်ပေးတတ်သည့် ယာဉ်တစ်စီးလည်း ဖြစ်နိုင်ပါသေးသည်။ ကျွန်တော်တို့ သက်ရှင်နေထိုင်မှု အဝန်းအဝိုင်းထဲမှာ မိတ်ဆွေဆိုသူများသည် မဖြစ်မနေ ကြုံဆုံပတ်သက်ရသည့် အစိတ်အပိုင်းဖြစ်သည်။ တချို့က မိတ်ဆွေကောင်းများကို ရွေးချယ်ပတ်သက်ခွင့်ရသည်။ တချို့ကတော့ သိပ်မကောင်းလှသော မိတ်ဆွေများနှင့် သံယောဇဉ်ြ...

E

Image
E = End နိဂုံးဆိုတာ နိဒါန်းရဲ့ အစ... လို့ ပြောရမလိုပါပဲ... နှစ်တစ်နှစ်ရဲ့ အဆုံးသတ်အချိန်ဟာ....နောင်နှစ်သစ်တစ်ခုအတွက် အစဆုံးသော အချိန်... .အေးလေ... ဒီနှစ်ရဲ့ နောက်ဆုံးအချိန် စက္ကန့်အပြီးမှာ ဟောဒီကမ္ဘာကြီးက ပျက်စီး အဆုံးသတ်သွားမှာမှ မဟုတ်တာ။ .နောက်နှစ်သစ်တစ်ခု ဖြစ်တဲ့ ၂၀၁၆ ခုနှစ်ကို ဖျတ်ခနဲ...ကူးပြောင်း ရောက်ရှိသွားမှာပဲ မဟုတ်လား။ ဒီတော့ ၂၀၁၅ ရဲ့ နိဂုံးဟာ...၂၀၁၆ ရဲ့ နိဒါန်းလည်း ဖြစ်ပါတယ်။ နှစ်သစ်မှာ... စိတ်သစ်လူသစ် အားအသစ်တွေနဲ့... ကောင်းကျိုးချမ်းသာ အဖြာဖြာကို သစ်လွင်တောက်ပစွာ ရယူပိုင်ဆိုင်နိုင်ကြပါစေ...လို့... မြန်မာပြည်သူား အာလုံးအတွက ဆန္ဒပြုလိုက်ပါတယ်။ နှစ်သစ်မှာ စိတ်လက်ချမ်းသာစွာနဲ့...လန်းဆန်းတက်ကြွစွာ ကောင်းကျိုးလိုရာ ပိုင်ဆိုင်မှုအသစ်တွေ ရနိုင်ဖို့ဆိုတာလည်း... အခွင့်အလမ်းက ရှိပါဦးမှ... တိုင်းပြည်တစ်ပြည်အတွင်းက ပြည်သူတွေအနေနဲ့ ဘယ်လောက် ကြိုးစား ရုန်းကန်ပါစေ... ရုန်းကန်ရသလောက် ထိုက်တန်တဲ့ ရလဒ်ကို ပြန်ရနိုင်ဖို့ဆိုတဲ့ အခွင့်အလမ်းမရှိရင်... အဲဒီအခွင့်အလမ်းကို တစ်ခုခုနဲ့ ပိတ်ပင်ကန့်သတ်ထားရင်... ဘာမှ အကျိုးမရှိပဲ... ဒုံရင်း အနေအထားထက် နိမ့်ကျနွမ်းပါးသွားမှာပဲ... ။ ...

D

Image
D = Drama story   အကဲပါပါ အသည်းတခါခါ ဖြစ်သွားစေလောက်သော ဇာတ်လမ်းတစ်ပုဒ်တော့ဖြင့် ဘဝမှာ ရေးဖူးခဲ့ချင်သည်၊၊ .မြန်မာနိုင်ငံသား ပီသသည်ဟု ဆိုရမည်၊၊ .မြန်မာပြည်သည် နိုင်ငံသားတို့အတွက် ငိုမည်ဆိုလျှင် မျက်ရည်ချောင်း စီးလောက်စရာ အကြောင်းအချက်များစွာတို့ ပြည့်နှက်နေသော တိုင်းပြည် ဖြစ်သည်၊၊ ဂျုံးဂျုံးကျနေရာမှ ယိုင်ထိုးယိမ်းခါစွာ ကုန်းရုန်းထနေရသည့်ကြားကပင် မြန်မာနိုင်ငံ၏ မြို့တော်အတော်များများအတွင်း .နေထိုင်လှုပ်ရှားနေသူ တိုင်းသူပြည်သားတို့မှာ အလွမ်းအဆွေး ငိုခြင်းများနှင့်ပင် (တလွဲဆံပင်ကောင်းကာ)ပျော်မွေ့ကြလေသည်၊၊ ရုပ်ရှင်ဇာတ်ကား ကြည့်တာတောင် ဟာသကားဆိုလျှင် ပျော်ရွှင်ရယ်မောရမည့်အစား ပေါတောတောနဲ့ မကောင်းတဲ့ဇာတ်ကားကြီး ဟု ဆိုတတ်ကြသည်၊၊ သရုပ်ဆောင်တွေကို ထူးချွန်ဆု အကယ်ဒမီပေးလျှင်လည်း အငိုပက်စက် အလွမ်းဟက်တက်ကွဲပြတတ်မှ ---မင်းသမီးဆိုလည်း မျက်ရည်တွေ ငေါက်ခနဲငေါက်ခနဲ ပန်းထွတ်အောင် ငိုတတ်ပါမှ---  ပေးကြ ရကြသည်၊၊ .ကြည့်ရှုခံစားသူတွေကလည်း ရုံထဲမှာ ကြည့်ရင်း မျက်ရည်လေးတို့ ဝေဝေသီသီ--- "ငါဖြင့် သနားလွန်းလို့ ရုပ်ရှင်ရုံထဲ ငိုတောင်မှ ငိုမိကရော" ဟု ပြန်ပြောရခြင်းမှာ...

C

Image
C = Clean oooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooo ကျနော်တို့သည် ညစ်ပတ်ပေရေလွယ်သော ပတ်ဝန်းကျင်ထဲတွင် နေသားတကျ ပါဝင်လှုပ်ရှားနေကြရသူများဖြစ်သည်၊၊ အဲ့သည် ညစ်ပတ်ပေရေမှုများကို တတ်နိုင်သမျှ ဖယ်ရှားပစ်ပြီး သန့်ရှင်းစင်ကြယ်စွာ နေထိုင်နေသူများလည်း ဖြစ်သည်၊၊ ကျနော်တို့၏ တကိုယ်ရည်သန့်ရှင်းမှုမှအစ--- ကျနော်တို့နေထိုင်ရာ အခန်း---ပတ်ဝန်ကျင်တဝိုက်အလယ်--- ကျနော်တို့၏ တိုင်းခန်းပြည်ရွာအဆုံး---ထိုအတောအတွင်းရှိ အညစ်အကြေးများကို ဖယ်ရှားသန့်စင်ပစ်ရင်း လူရည်သန့်များဖြစ်အောင် (ထို့အပြင် ရောဂါပိုးမွှားစွဲကပ်သူများ မဖြစ်အောင်) သက်ရှင်နေထိုင်ကြရသည် မဟုတ်လား၊၊ ကိုယ်နေထိုင်သည့်အခန်းကလေး သန့်ရှင်းသပ်ရပ်နေဖို့ လိုပါသည်၊၊ ကိုယ့် "ကိုယ်"သည်လည်း သန့်ရှင်းစင်ကြယ်နေဖို့ လိုပါသည်၊၊ သို့သော် ကျနော်တို့သည် ပြင်ပမှ မြင်လွယ်တွေ့လွယ်သော အရာများကိုသာ သန့်စင်ဆေးကြောလေ့ရှိပြီး မမြင်ရသော အမှိုက်များကိုတော့ တော်ရုံနှင့် မမြင်တွေ့ဘဲ ထို မမြင်နိုင်သော အမှိုက်သရိုက်များကြားမှာ ညစ်ထေး ရှုပ်ပွနေတတ်ပါသည်၊၊ ကျနော်ဆိုလိုသည့် မမြင်လွယ်သော အမှိုက်ဆိ...

B

Image
B=Burmese Film  .ပြီးခဲ့သည့် ရက်ပိုင်းတွေအတွင်း စိတ်ပြေလက်ပျောက်သဘောဖြင့် ရုပ်ရှင်တစ်ကား ဝင်ကြည့်ဖြစ်ပါသည်၊၊ စိတ်ပြေလက်ပျောက်ဟု အသေအချာ အခိုင်အမာ ပြောနိုင်သည်မှာ ထိုနေ့က ရုပ်ရှင်ဇာတ်ကား၏ ဆွဲဆောင်မှုကြောင့် ဝင်ကြည့်ဖြစ်ခြင်းမျိုး လုံးဝ မဟုတ်ဘဲ ဇာတ်ကားကို ဂရုမစိုက်၊ စိတ်ပြေလက်ပျောက် ကြည့်လိုက်မည်ဟူသော အတွေးဖြင့်သာ ဝင်ကြည့်ခဲ့ခြင်းကြောင့် ဖြစ်သည်၊၊ ဇာတ်ကား၏ ဆွဲဆောင်မှုကြောင့်သာ ကြည့်ဖြစ်မည်ဆိုလျှင် ဗမာဇာတ်ကားတစ်ကားကို အချိန်ကုန်/ ငွေကုန်ခံပြီး ဝင်ကြည့်ဖြစ်ပါ့မလား၊၊ အဲသည်နေ့ကတော့ မည်သည့်ဇာတ်ကားဖြစ်စေ--- ရုပ်ရှင်ရုံထဲ ဝင်ထိုင်ကြည့်ပစ်လိုက်ဖို့သာ စိတ်စောနေခဲ့သောကြောင့် ဘယ်တုန်းကမှ တပ်မက်ခြင်းမရှိဖူးသော--- (ကျနော့်ကို ဆွဲဆောင်နိုင်စွမ်းမရှိရှာသော) ဗမာဇာတ်ကားတစ်ကားကို အလိုအလျောက် ဝင်ကြည့်မိသွားသည်၊၊ အဲသည်နေ့က ကျနော် ကြည့်မိသော ဇာတ်ကား၏ အမည်မှာ "ကောင်းကျိုးကိုယ်၌ တည်စေမင်း" ဖြစ်သည်၊၊ ဒါရိုက်တာ "  ဒါရိုက်တာ ဇေပါ     " က ဖန်တီး ရိုက်ကူးပေးထားပြီး အဓိက သရုပ်ဆောင်များအဖြစ် ခန့်စည်သူ၊ခိုင်သင်းကြည်နှင့် အရိုင်း၊ အိချောပိုတို့က ဇာတ်ဆောင်ခဲ့သည်၊၊ ဇာတ်လမ်း...