အတွေး Get link Facebook X Pinterest Email Other Apps - April 03, 2014 အဝေးကိုထပျံသွားတဲ့ငှက် အလင်းဆက် 4 / 4 / 2014 Get link Facebook X Pinterest Email Other Apps Comments
မုဒြာရဲ့ခေါ်သံကို ခံစား ဝေဖန်ခြင်း - March 29, 2018 မုဒြာရဲ့ခေါ်သံကို ခံစား ဝေဖန်ခြင်း ''သင့်အေးရိပ်'' --------------------------------------- အခုတလော လူပြောများခဲ့တဲ့ မုဒြာရဲ့ ခေါ်သံ ဇာတ်ကားနဲ့ပတ်သက်ပြီး သမိုင်းကျန်အောင် နည်းနည်း ပြောခဲ့ချင်သေးတယ်။ ဒီကား ရုံတင်ချိန်က အန်တီဆွေဇင်ထိုက်ရဲ့ ဝေဖန်စကား “မြို့သားရိုက်တော့ မြို့လက်ရာပေါ့” ဆိုတာကြောင့် ရုပ်ရှင်လောကသား အချင်းချင်း အငြင်းတွေပွားကြ၊ ဆွေ့ဆွေ့ခုန်ကြနဲ့ အတော်လေး ပွက်လောရိုက်နေကတည်းက ကြည့်ချင်စိတ် ဖြစ်မိတဲ့ကားပါ။ မြန်မာရုပ်ရှင်တွေ မကြည့်ဖြစ်တာ ကြာပြီဆိုတဲ့ စကားကို ပြောတဲ့သူတွေ စာရင်းမှာ ပါနေတဲ့ ကျနော့်အတွက်တော့ မြန်မာရုပ်ရှင်ကားတစ်ကားကို ရုံမှာ အချိန်ပေးပြီး သွားကြည့်ချင်စိတ် ဖြစ်လာအောင် လှုံ့ဆော်မှု ပေးနိုင်တာက စတယ် ဆိုပါစို့။ ကျနော် သွား မကြည့်မချင်း “မကြည့်သေးဘူးလား… သွားကြည့်အုန်း”ဆိုပြီး တိုက်တွန်းပေးတဲ့ သူငယ်ချင်းတစ်ယောက်ကြောင့်လည်း ရုံ စတင်ပြီး တစ်ပါတ်ကျော် ကြာမှ သွားကြည့်ဖြစ်ခဲ့။ ကြည့်ပြီးလျှင် ပြီးခြင်းပဲ အဲ့ဒီသူငယ်ချင်းက ကျနော့် မှတ်ချက်ကို ကြားချင်တာကြောင့် ထင်ရဲ့ “ဘယ်လိုလဲ… ကောင်းတယ် မဟုတ်လား”တဲ့။ ကျနော် ဘယ်လို ပြန်ဖြေရမလဲ... အစအဆုံး ဖတ်ရန် ->
ပုံပြင်မဟုတ်တဲ့. . .တကယ့်ဘဝဆိုးတွေ… - June 28, 2014 ပုံပြင်မဟုတ်တဲ့. . .တကယ့်ဘဝဆိုးတွေ… ------------------------------------------------------------ သူတပါးရဲ့ နာကျင်မှုကို မြင်ရုံနဲ့ ကိုယ်တိုင်နာကျင်သလို ခံစားတတ်တဲ့ စိတ်နှလုံးဟာ အခုအချိန်မှာမှ ရှိလာတာ မဟုတ်ပါဘူး။ မောင်သူရ ရဲ့ စိတ်နှလုံးက ငယ်စဉ်ကတည်းက သူတပါး ရဲ့ နာကျင်မှုတွေကို ကိုယ်နဲ့ ထပ်တူထပ်မျှ ခံစားမိခဲ့တာပါ။ မောင်သူရ အသက် ဆယ်နှစ်အရွယ်လောက်က တခြားမိသားစုတစ်စုရဲ့ ဆင်းရဲမွဲတေမှုကို ကြည့်ပြီး မျက်ရည်တောက်တောက်ကျမိခဲ့ဖူးတာလေး ပြန်ပြောပြချင်ပါသေးတယ် ။ ********** အဲဒီတုန်းက . . . မောင်သူရ အသက်က ဆယ်နှစ်လောက်ပဲရှိဦးမယ် ။ မောင်သူရရဲ့ မေမေက တောင်ဒဂုံ / လေးဒေါင့်ကန်ရွာဘက်မှာ မြေကွက်လေးတစ်ကွက် ဝယ်ပြီး ပျဉ်ထောင် သွပ်မိုး အိမ်ကလေးတစ်လုံး ဆောက်ထားတာ ။ ဘယ်သူမှလည်း မနေသေးတော့ အိမ်ကို သော့လေးခတ်ပြီး ဒီအတိုင်းပဲ ပိတ်ထားတာပေါ့ဗျာ။ အဲဒီအိမ်နဲ့ ခြံလေးကို တစ်နှစ်ကျော်လောက် ပစ်ထားမိတာက စတော့တာပါပဲ။ မေမေက မောင်သူရကို လက်ဆွဲပြီး ပစ်ထားတာကြာပြီဖြစ်တဲ့ အိမ်ကလေး သွားကြည့်ဦးမှ ဆိုပြီး ခေါ်သွားတာ. . . . ဟိုရောက်တော့. . . အိမ်က သောကြီး ပွင့်လျက်သား… အိမ်ပေါ်မှာလည်း မိသားတစ်စုက . . . အခန့်သား. . . တက်နေပြီ ။ သော့ကိ... အစအဆုံး ဖတ်ရန် ->
“ဂျူးရဲ့ ရသခြုံလွှာကို ခံစား၊ဝေဖန်ခြင်း” - October 11, 2018 ဂျူး၏ #သက်တံတို့ဖြင့်ရက်ဖွဲ့ ချစ်သူရဲ့ခြုံလွှာကို ဝေဖန်ညွှန်းဆိုချက် (ရွှေအမြုတေ၊ ၂၀၁၈ စက်တင်ဘာလထုတ် မဂ္ဂဇင်းတွင် ဖော်ပြပြီးသည့် ဆောင်းပါး) —————- “ဂျူးရဲ့ ရသခြုံလွှာကို ခံစား၊ဝေဖန်ခြင်း” ၁။ စာအုပ်အမည် = သက်တံတို့ဖြင့်ရက်ဖွဲ့ ချစ်သူရဲ့ခြုံလွှာ စာရေးသူအမည်=ဂျူး ထုတ်ဝေခြင်း= ဂျူးစာပေ၊ ၂၀၁၈ ခုနှစ်၊ ဇွန်လ တန်ဖိုး= ၄၅၀၀ ကျပ်၊ စာမျက်နှာပေါင်း ၃၅၄ မျက်နှာ။ ၂၀၁၈၊ ဇွန်လထုတ် (…လို့ ပုံနှိပ်မှတ်တမ်းမှာ ရေးထားပေမဲ့ ဇူလိုင်လထဲမှာမှ ဆိုင်ပေါ်ရောက်တဲ့) ဆရာမဂျူးရဲ့ “သက်တံတို့ဖြင့်ရက်ဖွဲ့ ချစ်သူရဲ့ခြုံလွှာ” အမည်ရှိ စာအုပ်သစ်အကြောင်း နည်းနည်း ပြောပါ့မယ်။ စကားမကျန်အောင် ကြိုရှင်းပြရရင် စာပေလောကမှာ Book Review (စာညွှန်း) နဲ့ Literary Criticism (စာပေဝေဖန်ရေး) ဆိုတာ မတူကွဲပြားတဲ့ ဖန်တီးမှုများ ဖြစ်ကြောင်း ကျွန်တော် မောင်သင့် သိသလို၊ အားလုံးလည်း သိပြီး ဖြစ်ပါတယ်။ စာညွှန်းက ပေါ့ပေါ့ပါးပါး ညွှန်းဆိုပြတာလောက်ပဲဖြစ်ပြီး စာပေဝေဖန်ရေးကတော့ ပညာရပ်ဆန်သော၊ လေးနက်ကျယ်ပြန့်သောသဘော ရှိပါတယ်။ စာပေဝေဖန်ရေးဆိုတဲ့ နယ်ပယ်ထဲကနေ စာအုပ်၊ စာပေတွေကို ဝေဖန်မယ် ဆိုရင် ဝေဖန်သူဆီမှာ မလွဲမသွေ ရ... အစအဆုံး ဖတ်ရန် ->
Comments
Post a Comment