စွတ်ကျားတို့၏ပေါင်ကို . . .လှန်ထောင်းခြင်း


စွတ်ကျားတို့၏ပေါင်ကို . . .လှန်ထောင်းခြင်း

-----------------------------------
ဟိုငေးးး ဒီငေးး ငေးတတ်မောတတ်တဲ့သူရရဲ့ မြင်ကွင်းထဲကို ရောက်ရောက်လာတတ်တဲ့အထဲမှာ ဟိုမရောက် ဒီမရောက် ဂေါက်တောက်တောက် လူတချို့လည်း ရှိနေတယ် ။

အဲဒီ ဟိုမရောက် ဒီမရောက်ဆိုတာ ယောကျာ်းလျာ လို့ ခေါ်တဲ့ ယောကျာ်းစိတ်ပေါက်နေတဲ့ မိန်းမတချို့ပေါ့ ။

ရပ်ကွက်ထဲကလူတွေ ပြောသလိုပြောရရင်တော့” ဘောပြား ”
ပေါ့ဗျာ ။ အဲဒီ စကားလုံးက ဘာအဓိပ္ပာယ်လဲ ဆိုတာ တွေးကြည့် သိနိုင်တာမို့ . . . အဲဒီ စကားလုံး ရင့်ရင့်မည့်မည့်ကြီးတော့ မသုံးတော့ပါဘူး ။

သူရကတော့ အဲဒီလို ယောကျာ်းစိတ်ပေါက်နေတဲ့ ဟိုမရောက် ဒီမရောက်တွေကို ဘယ်လိုခေါ်ရမှန်းမသိလို့
” အစ်ကိုကြီးအစ်မကြီး ” လို့ ပေါင်းခေါ်နေကျ ။
သူတို့က စွတ်ပြီး ကျား ထားရလို့
” စွတ်ကျား ” လို့ လည်း ခေါ်ချင်သား။

အခုတလောလည်း အဲဒီ အစ်ကိုကြီး အစ်မကြီးတွေ ပိုများ များလာသလားလို့ . . .။

ဟိုနားတစ်ယောက် ဒီနားတစ်ယောက်နဲ့
တွေ့ ရများလာတော့ . . .
သူတို့ကို မြင်မိတိုင်း သူရကလည်း ဟိုတွေး ဒီတွေး တွေးမိပါလေရော. . . .

သူရတို့ အိမ်နားမှာလည်း အဲဒီလို စွတ်ကျားတစ်ယောက်မကရှိတယ် ။
အဲဒီထဲက တစ်ယောက် ဆိုရင် . . .
သူ့ ကိုယ်သူ တကယ့်ယောက်ျားလေးတစ်ယောက်လို ပြင်ဆင်ပြီးနေတာဗျို့ ။

သူ့ အဒေါ်က ကုန်စုံဆိုင်လေး ဖွင့်ထားတော့. . .အဒေါ်ကို ကူလုပ်ပေးနေတာ ယောကျာ်းတစ်ယောက်လို ပါပဲ ။
ဈေးထဲကနေ ကုန်ပစ္စည်းတွေ ဆန်တွေ ဆီတွေ ဘာညာသာလကာတွေကို ထမ်းဟယ်ပိုးဟယ်နဲ့ . . .

သူ အဲဒီလို အလေးကြီးတွေ ထမ်းပိုးလာတာ မြင်တိုင်း . . .
လမ်းလျှောက်ရင် ယောကျာ်းလေးလိုဖြစ်အောင် ကားတားကားတားနဲ့ ပုဆိုးကြီး မမ လျှောက်တိုင်း . . . သူရတော့ ရီတာပဲ။

” သူ့ ခံယူချက်အမှားရဲ့ ဒဏ်ကို သူခံနေရတာ ” လို့  မြင်မိလို့  ။

သူ့ ကိုယ်ကိုသူ ယောကျာ်းလို့  ခံယူထားတော့. . .ယောကျာ်းလို လုပ်ရကိုင်ရ ရှာတာ ။ ပင်ပန်းမှာပဲ ။

တကယ့်တကယ်မှာ မိန်းမတစ်ယောက် ရဲ့  ခွန်အားပဲ
သူ့ မှာ ရှိတာကိုးးး ။

ပြီးတော့ ယောကျာ်းတစ်ယောက် လို့  သူ့ ကို ပတ်ဝန်းကျင်က ထင်မြင်နေအောင် ဟန်ဆောင်နေပြရတာလည်း ပင်ပန်းမှာပဲ လို့ . . .

•••••••••••••••••••••••••••••••••

နောက်တစ်ယောက် ရှိသေးတယ်။

သူ့ ကိုယ်သူ ယောကျာ်းလေးနဲ့ တူလွန်းမက တူအောင် ဆေးမှင်ကြောင်တွေတောင် ထိုးလာသတဲ့ ။

ဆေးမှင်ကြောင်တွေ ထိုးလာပြီးကတည်းက အကျီ င်္ကို လက်မောင်းသားတွေထိ ပေါ်အောင် ဆွဲတင်ပြီး ဝတ်ပြတာ. . .
ပုဆိုးကိုလည်း တိုသည်ထက်တိုအောင် ဝတ်တဲ့အပြင် ဒူးနားအထိ ပေါ်အောင်
ပုဆိုးကြီး မ မ ပြီး လျှောက်တာ လျှောက်တာ. . .

ခြေသလုံးက ဆေးမှင်ကြောင်တွေ . . .လက်မောင်းက ဆေးမှင်ကြောင်တွေကို မမြင် မြင်အောင်ပြပြီး ပုဆိုးကြီးမ ကားယားကားယားလျှောက်ပြရုံနဲ့ ပတ်ဝန်းကျင်က သူ့ ကို ယောကျာ်းလို့ သတ်မှတ်မယ် . . .ထင်နေပုံရတယ် ။

စွတ်ကျားကြီးမှန်း တစ်ချက်လောက် ဝေ့ကြည့်တာနဲ့ သိတယ် ။
ယောကျာ်းအတုမှန်း မိန်းမအတုမှန်း မသိလောက်အောင် နုံအနေတဲ့ ခပ်ညံ့ညံ့လူတွေများသော ခေတ်မှ မဟုတ်တော့တာ ။

သူတို့ ဘယ်လောက်ပဲ ယောကျာ်းနဲ့ တူအောင် တုထားပါစေ. . .
တစ်ချက်လောက် အကြည့်နဲ့အသိကို ကလစ်ပြီး scan ဖတ်ကြည့်လိုက်တာနဲ့. . .
စွတ်ကျားလားးး ဖွတ်ပြားလားးးဆိုတာ
သိနေကြပြီပဲ ။

( ဒါပေမယ့် အဲဒီ အစ်ကိုကြီးအစ်မကြီး စွတ်ကျားကြီးတွေကို ယောကျာ်းအစစ်မဟုတ်မှန်း သိသိကြီးနဲ့ . . .ချစ်သူအဖြစ်လက်တွဲနေတဲ့  မိန်းကလေးတွေလည်း ရှိသား ။ တချို့ဆို လူသိရှင်ကြားယူတာမဟုတ်ပေမယ့် တစ်အိမ်ထဲအတူနေ နေကြလေရဲ့ ။
အံ့ခနဲ သြောစရာ . . .နော့ ။ သူတို့ ဘယ်လို စခန်းသွားကြလဲ မသိ ။ အဟိ။ )

( သံယောဇဉ်ကိစ္စ အချစ်ကိစ္စမို့ . . . နားလည်ပေးလို့ရတဲ့ အပိုင်း ပါပေမယ့် အတွင်းကျကျ ကိစ္စတွေကျတော့ ဘယ်လို ရှင်းယူကြမလဲ ။ တွေးကြည့်လို့မရဘူး ။ ပြေးကြည့်ချင်လိုက်တာ )

:)

အဓိက ပြောချင်တာက . . .
အဲဒီ စွတ်ကျား အစ်ကိုကြီးအစ်မကြီးတွေ သူတို့ ကိုယ် သူတို့လည်း သိမှာပဲ လို့ ။

သဘာဝအရှိတရားအရ ငြင်းမရတာက. . .
သူတို့ ကိုယ်ခန္ဓာ ဟာ ယောကျာ်းအစစ်နဲ့ လားလားမှ မတူတာကို ငုံ့ ကြည့် / သိတာပဲ နော့်. .
:kwi:

အဲဒါကို သူတို့ကိုယ် သူတို့  သိသိကြီး မြင်မြင်ကြီးနဲ့ . . . အရှိတရား / အမှန်တရားကို ဖုံးဖိ ချိုးနှိမ်ထားပြီး …
ဇွတ်တရွတ်ကြီး ဟန်ဆောင်နေကြတာ. . . .

အရင်းအနှီးကတော့. . . .ကြီးတယ်လို့ဆိုရမယ် ။

ကိုယ့် သိမှု . . .ကို . . .
ကိုယ် ပြန်ပြီး လိမ်လည်လှည့်စားထားရတာ ရယ်. . .

ပကတိအရှိတရား ကို ဖုံးဖိပြီး
ရိုးသားမှုကို ဖျက်လို့ ဖျက်ဆီးလုပ် ဟန်ဆောင်ရုပ်နဲ့. . .ပင်ပန်းကြီးကြီးနေရတာ ရယ်. . .

သဘာဝ အရ. . . မိန်းမ ဣနြေ္ဒ လည်း ပျောက်ဆုံး . . . .
ယောကျာ်းဘဝလည်း မပီပြင်. . .ဟန်ချက်လွဲလွဲကြီးနဲ့. . .ရှင်သန်နေရတာရယ်. . . .

အဲဒါထက်ဆိုးတာက. . . .
သူများကို လိမ်ညာလှည့်စားထားသည်ဖြစ်စေ. . .
ကိုယ့် ကိုယ် ကို ပြန် လိမ်ညာသည်ဖြစ်စေ. . .
ကိုယ်ဟာ လိမ်ညာတတ်သူ ဆိုတဲ့ အသိ ကိုတော့ အခြေခံသိအနေနဲ့ ပြန်မြင်နေရမှာပဲ . . .

အဲဒီလို ကိုယ်ဟာ လိမ်ညာ ဟန်ဆောင်တတ်သူ ဖြစ်ကြောင်း. . .
အမှန်တရားကို ဇွတ်ဖုံးဖိပြီး ဟန်ဆောင်ပြနေသူဖြစ်ကြောင်းး ကိုယ့်ဘာသာ သိနေတဲ့အခါ. . .
မိမိကိုယ်ကို မိမိ ဘယ်လိုမှ လေးစားလို့မရနိုင်တော့ပါဘူး ။

ကိုယ့်ကိုယ်ကိုတောင် ကိုယ်ပြန်လေးစားလို့မရမှတော့. . .
သူတပါးရဲ့ လေးစားမှု ဆိုတာလည်း ရဖို့မလွယ်ပါဘူး ။

ခံယူချက် မှားတာပါ ။

” အမှန်သိမှု ” ဆိုက်ရောက်ခြင်း မရှိလို့ . . . ခံယူချက်အမှားကြီးနဲ့  ပျော်မြူးနေတာပါ ။

အဲဒီ ခံယူချက်အမှားရဲ့ ဒဏ်ကို ပြန်ခံရင်း . . .
ဘဝဟာ ကစဥ့်ကလျားနဲ့  ဟန်ချက်အကြိမ်ကြိမ်လွဲရတာပါ ။

•••••••••••••••••••••••••••••••••

သူရကတော့. . . . အဲဒီလို ခံယူချက်အမှားဒဏ် ခံနေရသူတွေ သိပ် မမြင် မတွေ့ လိုလှဘူး ။

အမှန်တရားကို နှစ်ပေါင်း ဘယ်လောက်ကြာအောင် ဖုံးဖိထားနိုင်သလဲ. .

တစ်ချိန်ချိန်မှာတော့ အမှန်တရားဟာ ရေထဲက ဗူးပေါ်သလို . . . .
ဘွားခနဲ ပေါ်လာမှာပဲ. . .

ဒီတော့ အထုံစွဲ အကျင့်စွဲကြီး ရင့်သန်နေမှ ရက်ကြီးတကွဲနဲ့ အမှန်ကို ကိုယ်ကျိုးနည်း လက်ခံရမယ့်အစား …
ဟန်ဆောင်နေတာတွေကို ရပ်လိုက်သင့်ပြီ ထင်တာပဲ ။

အခု ကိုယ့်ကိုယ်ကို ကိုယ်သိ . . .
ကိုယ့် ခံယူချက်အမှားကို ကိုယ်ဖျက်လိုက်မှ ပျက်မှာမို့ . . .

အင်းလေ. . . .

ခက်တော့လည်း ခက်ပါတယ် ။

အမှား အမှန် ဆိုတာလည်း ရုတ်တရက်ကြီး ဝေဖန်ပိုင်းခြား သိမြင်ဖို့  ခက်တာကိုး ။

ဘေးလူအနေနဲ့ အမှားအမှန် ဝေခွဲနိုင်ရင်တောင် ကိုယ့်အမှန်တရားဟာ ဟုတ်သလား မဟုတ်ဘူးလား ကိုယ့်ဘာသာ ပိုင်းခြားဝေဖန်ဖို့ကျတော့ သိပ်မလွယ်ဘူးလေ ။

ကိုယ် မှန်တယ် ထင်ရာတွေ ကိုယ်လုပ်ရင်း ခံယူချက်အမှားရဲ့  ဒဏ်ကို ခံရတာ ။

ခံယူချက်မှားလို့  ခံရတဲ့ ဒဏ်ကိုတောင် . . .
”အမှားဒဏ်” မှန်း မသိနိုင်ပဲ. . .
သာယာမှု ရှာ ပြီး . . .
ဒဏ်ရာတွေနဲ့ ယစ်မူးနေတတ်ကြသေးတာ. . . .

ဘာပဲ ဖြစ်ဖြစ်လေ. . . .

ယောကျာ်းတကယ် ဟုတ်သော ယောကျာ်းအစစ်. . .
မိန်းမတကယ် ဟုတ်သော မိန်းမအစစ်များ ကိုသာ. . . .
သဘာဝကျကျ မြင်ချင်မိတယ် ။

ဟိုလည်း မရောက်. . .
ဒီလည်းမရောက် . . .
မပီပြင် မပီသတာကြီးတွေ မြင်ရတာ…
စိတ် Spasm ဖြစ်တယ် ။

¥¥¥¥¥¥¥¥¥¥¥¥¥¥

အလင်းဆက် (Gazette)

22 / 2 / 2014 / 14 : 13 pm
(မရမ်းကုန်း)
 http://mandalaygazette.com/194842

Comments

Popular posts from this blog

မုဒြာရဲ့ခေါ်သံကို ခံစား ဝေဖန်ခြင်း

ဝမ်တိန်အသွားလမ်းကို ခံစား၊ ဝေဖန်ခြင်း (စာပေဆောင်းပါး)

“ဂျူးရဲ့ ရသခြုံလွှာကို ခံစား၊ဝေဖန်ခြင်း”