ပြောပြချင်လွန်းလို့ ပါ … ဦးဆာမိရယ်…

ပြောပြချင်လွန်းလို့ပါ… ဦးဆာရေ . . .။

အနုပညာနဲ့ ပက်သက်လာရင် ခံစားချက်ပြင်းထန်တတ်တဲ့ ဦးဆာကိုမှ တိုင်တည်ပြီး
အနုပညာအကြောင်းနည်းနည်း ပြောချင်လာလို့ပါ ။
အနုပညာအကြောင်း ခပ်ကြမ်းကြမ်းပြောနေကျ ကျွန်တော်
အခု  အနုပညာနဲ့ ပက်သက်ရာ ပက်သက်ကြောင်းလေး  ပြောပြချင်လွန်းလို့ပါ ။
ဦးဆာကို တိုင်တည်ပြီး ကျွန်တော်တွေးမိတာလေးတွေ  ရင်ဖွင့်ပြတယ်ပေါ့ဗျာ ။
___________________
အနုပညာ ဖန်တီးမှုနဲ့ပက်သက်ပြီး  ကျွန်တော် စိတ်ထဲ မတင်မကျဖြစ်နေတာတစ်ခု ရှိတယ်။
မတင်လည်း မတင် မကျလည်း မကျဘူးဆိုတော့  နင်နေတာ / တစ်နေတာကြီးပေါ့ဗျာ ။
အဲဒါကတော့. . . .
___________________
ကျွန်တော်တို့  အနုပညာ ဖန်တီးရာမှာ
(ဒီနေရာမှာ စာပေအနုပညာ/ကဗျာ/ဝတ္ထုကိုပဲ ဦးတည်ပြောပါမယ်)
ဘာသာစကား / အက္ခရာ / ဗျည်းသရ  တွန့်တွန့်ကောက်ကောက်တွေကို  မသုံးမဖြစ် သုံးရပါတယ် ။
အနုပညာပစ္စည်းနဲ့ အနုပညာဖန်တီးသူ ကြားက  အနုပညာ ခံစားမှုအတွက်  ဖော်ဆောင်ပြထားတဲ့ ဘာသာစကား/အက္ခရာတွေက ကြားခံပစ္စည်းပါ ။
ကဗျာတစ်ပုဒ် ဆိုတာကို အကြမ်းထည်ကြည့်လိုက်ရင် စကားလုံးတွေ (ဘာသာစကား/အက္ခရာ) ကိုသာ မြင်ရပါတယ် ။
အဲဒီ ဘာသာစကားကို ဖတ်တဲ့သူက ဖတ်ပြီးမှ အဓိပ္ပါယ်ကို နားလည်ပြီး ခံစားပါတယ် ။
ရသမြောက်ခြင်းဆီကို သွားဖို့ ရာ …ဘာသာစကား အက္ခရာတွေက ပေါင်းကူးတံတားအဖြစ်  မပါမဖြစ် ပါနေရပါတယ် ။
ကဗျာကို  ကဗျာအဖြစ်ပြသဖို့  အဲဒီ အက္ခရာတွေကို  မသုံးမဖြစ် သုံးနေရပါတယ် ။
အနုပညာဖန်တီးသူက သူ ခံစားရတဲ့ အတွေး / ခံစားချက် /အယူအဆကို  လှစ်ဟ ပြသပြီး အနုပညာပစ္စည်းအဖြစ် ဖန်တီးမှု လုပ်ငန်းစဉ်မှာ . . .
ဘာသာစကားက  အဓိက ကျတဲ့နေရာက ရှိနေပါတယ် ။   ဒါကို ဦးဆာတို့ သိပြီးသားပါ ။
ကျွန်တော်တို့ ထပ်စဉ်းစားရမှာတွေ ရှိနေပါတယ် ။
အဲဒီလောက် အရေးပါ အဓိက ကျနေတဲ့ ဘာသာစကား  ( ကျွန်တော်တို့ ဘာသာစကား ) ဟာ. . .  ဘယ်လောက်တိကျ သေချာသလဲ။
ဘယ်လောက် ဖော်ထုတ်ပြသနိုင်သလဲ။
ဆိုလိုတာက . . .
ကျွန်တော်တို့ ခံစားချက်ကို စာသားတွေနဲ့ ဖော်ထုတ်ပြသရင်  ခံစားချက်ကို ပီပီပြင်ပြင် ပြသနိုင်ဖို့ ရာ တိတိကျကျ  အသုံးပြုလို့ ရသလား ပေါ့ ။
ကျွန်တော်တို့ဘာသာစကားမှာ က …..
မရှင်းမရှင်းတွေ အများကြီးမှ အများကြီးပါ။
အဲဒီ မရှင်းမရှင်းတွေ အကြောင်းထိုင်ပြောနေရင်ကုန်မှာ မဟုတ်ပါဘူး ။
တိုတိုပြတ်ပြတ်ပြောရရင်. . .  ကျွန်တော်တို့ ရဲ့ ဘာသာစကားဟာ    ကျွန်တော်တို့ ရင်ထဲက ခံစားချက်တိုင်းကို
တိတိကျကျ  မပြသ မဖော်ထုတ်ပေးနိုင်ဘူး ဆိုတာပါပဲ ။
ဝေဝေဝါးဝါး ထင်ယောင်ထင်မှား တွေ ဖြစိနေတဲ့ စကားလုံးတွေ / မပြည့်စုံ မလုံခြုံတဲ့ စကားလုံးတွေ / ဆိုလိုချက် သွေဖည်တိမ်းစောင်းနေတဲ့စကားလုံးတွေ
အဓိပ္ပါယ်နှစ်ခွ ထွက်နေတဲ့ စကားလုံးတွေ ….   အဲဒီလို  အရောရောအထွေးထွေး ဖြစ်နေပါတယ် ။ဥပမာ – မင်္ဂလာဆောင်သွားမယ် ဆိုတဲ့ ဝါကျကို ကြည့်ပါ ။
ဝါကျတစ်ကြောင်းလုံး ကို ခြုံကြည့်ရင်….   အဓိပ္ပါယ်တစ်ခုတော့ ရပါတယ် ။
ဒါပေမယ့် သေချာ ခွဲခြမ်းစိတ်ဖြာကြည့်ရင်မင်္ဂလာဆောင် သွားမယ်
၁ ။ ။ မင်္ဂလာဆောင် ပွဲတစ်ခုကို သွားမယ်လို့ပြောတာလားးး  ( အနာဂတ်လား..) ၂။ ။ မင်္ဂလာ ဆောင်သွားမယ် ။ မင်္ဂလာပွဲကျင်းပသွားမယ်  ( အတိတ်လား .. )
လို့ ပြောတာလား။
၃။ ။ မင်္ဂလာဆိုတာကြီးကို  ဆောင်ယူသွားမယ် ယူဆောင်သွားမယ်. . .လို့ ပြောတာလားး  (  ပစ္စုပ္ပန် လား..)

ဝေဝါးးးး
————-
နောက်. . . .
အား ဆိုတဲ့ စကားလုံးတစ်လုံးကို မြင်လိုက်တယ်ဆိုပါစို့ ။
နာကျင်လို့ အော်လိုက်တဲ့အား လား
အားအင် ဆိုတဲ့ အား လား
အံ့သြတကြီး လွှတ်ခနဲအော်လိုက်တဲ့ အား လား
ကျီးကန်းတစ်ကောင်ရဲ့အော်သံ အား လား
အားလပ်ခြင်း ဆိုတဲ့ အား လား
မေးစရာတွေ အများကြီး ထွက်လာပါတယ်။
အဓိပ္ပါယ်ဝေဝါးပြီး  ဆိုလိုရာကို လွယ်လွယ် မပြနိုင်တဲ့ သဘောတွေ ရှိပါတယ် ။
————————
တစ်ခါတုန်းက ပုလိပ်မင်းကြီးဟာ
ဂါတ်ရှေ့ မှာ ဈေးရောင်းတဲ့ မြန်မာဈေးသည်ကို မေးပါတယ် ။မောင်မင်း လူကလေး  ဘာရောင်းသလဲပေါ့လေ ဈေးသည်က ပြန်ဖြေတယ် ။
တိုလီမှုတ်စလေးတွေ ရောင်းပါတယ် တဲ့
တိုလီမှုတ်စ ဆိုတာ ဘာလဲမောင်မင်း
တိုလီမှုတ်စ ဆိုတာ စုံစီနဖာ ပါ
စုံစီနဖါ ဆိုတာ ဘာလဲ မောင်မင်း
စုံစီနဖါဆိုတာ တိုလီမိုလီ ပါ
တိုလီမိုလီဆိုတာ ဘာလဲမောင်မင်း
တိုလီမိုလီဆိုတာ ဗြုတ်စဖျင်းတောင်း ပါ
ဗြုတ်စဗျင်းတောင်းဆိုတာ ဘာလဲမောင်မင်း
အဲဒီလို အဲဒီလို  . . . .
ကွေ့ဝိုက်ပြီး လိုရင်းကို  တော်တော်နဲ့မရောက်တတ်တဲ့ ဘာသာစကားနဲ့   ကျွန်တော်တို့  ကဗျာတွေ လူလားမြောက်ခဲ့ရပါတယ် ။ကဗျာဟာ ကဗျာပီသဖို့ ဒီလို စည်းမျဉ်းတွေ ရှိရမယ်  / ဟိုလို ဘောင်ထဲကရေးရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေကို ပွေ့ ပိုက်ပြီး
အနုပညာသမားဟာ ကဗျာကို  အားရပါးရ မရေးခဲ့ရဘူး ။ကိုယ်ပြောပြချင်တဲ့ခံစားချက်တွေဟာ  တစ်ခါတစ်ခါ  စကားလုံးတွေနဲ့ ဖော်ပြလို့  မရတဲ့ အနေအထားနဲ့ . . .
ကိုယ့်ခံစားမှု အာရုံ အချင်းအရာတွေက…. ဘာသာစကားနယ်ပယ်ကို ကျော်လွန်လို့ . . ဘာသာစကားနဲ့  ဖော်ဆောင်ပြနိုင်ခြင်းမှာ  မစွမ်းသာခဲ့ဘူး။အဲဒီလို  အခါမျိုးတွေမှာ…………………
ကဗျာရေးရင်းနဲ့   ဟောဒီ မပြည့်စုံ မလုံခြုံတဲ့ ဘာသာစကားကို အားမရစိတ်တွေ  မကျေနပ်စိတ်တွေနဲ့ 
ကဗျာကို   ကဗျာ လို မရေးပဲ  ရင်ထဲမှာပဲတွေးးး
စိတ်ကူးနဲ့ပဲ ကဗျာရေးမိတယ် ။စိတ်ကူးနဲ့ ကဗျာရေးရတာလည်း အားမရပါဘူး ဦးဆာရေ ။
—————————————————————–အနုပညာဖန်တီးသူ ဆိုတာကလည်း ကိုယ်ဖန်တီးလိုက်တဲ့အနုပညာပစ္စည်းလေးကို  ကိုယ့်ပရိတ်သတ်ရှေ့  ချပြချင်သေးတာကိုးး။
ကောင်းဆိုး ဝေဖန်စကားလေးတွေ ကြားချင်သေးတာကိုးး ။ဒီတော့  ဘာသာစကားကို   အားမရတဲ့ အနုပညာသမားဟာ  ………….
အဲဒီဘာသာစကားကို သုံးပြီး ကဗျာမရေးတော့ဘူး ။ကျွန်တော့်မှာ . . . .
ဘာသာစကား နဲ့ မဟုတ်ပဲ တခြားအရာတွေ နဲ့ ဖန်တီးထားတဲ့ ကဗျာတွေ ရှိလာတယ် ။အဲဒီ အနုပညာဖန်တီးမှုတွေဟာ  ဘာသာစကားကို စွန့် ပယ်ထားလို့ 
ကဗျာမဟုတ်ဘူး လို့ စွပ်စွဲချင် စွပ်စွဲ ကြလိမ့်မယ် ။သေချာတာတော့ ကဗျာအတွေး…… တဒင်္ဂ ဖြစ်တည်ဆဲခဏလေးကို  အမိအရဖမ်းပြီး ဖန်တီးလိုက်တဲ့ အနုပညာ သရုပ်ဖော်မှုပါ။ ________________________
အနုပညာသမိုင်းအစဉ်အလာထဲမှာလည်း
အသုံးပြု /ကြားခံပစ္စည်း ကို သွေဖည်သုံးစွဲ ဖန်တီးပြလိုက်တဲ့  အနုပညာတိုက်ပွဲခေါ်သံတွေ ရှိခဲ့ပါတယ် ။ကျွန်တော်တောင်
မစို့မပို့ ရေးပြခဲ့ဖူးပါသေးတယ် ။
ဆရာကြီး MERCAL DUCHAMP ( 1887 – 1968 ) ရဲ့  FOUNTAIN အမည်ရှိ…  ကျင်ငယ်စွန့်တဲ့ ကြွေခွက်ကြီး အကြောင်းး ။
—————-
ဆရာကြီး MERCAL DUCHAMP ( 1887 – 1968 ) ရဲ့  FOUNTAIN အမည်ရှိ… / ကျင်ငယ်စွန့်  တဲ့ ကြွေခွက် ဟာ..စိတ်ကူးအဓိက အနုပညာ ၀ါဒ ပေါ်ပေါက်လာဖို့ …
လုံလောက်တဲ့  အပြင်းထန်ဆုံး တွန်းအား တစ်ခုပါ ။
စိတ်ကုး အဓိက အနုပညာ ၀ါဒကြီး.ပေါ်ပေါက်လာပြီး.နောက်ပိုင်းမှာ….
အနုပညာ ရဲ့ ဖြစ်တည်မှု ဟာ..ကစဥ့်ကလျား…ဖြစ်သွားတယ်..လို့ …ထင်မိပါတယ် .။
DUCHAMP..ရဲ့ … အယူအဆ အရ ဆိုရင်…
ဘယ်အရာ / ဘယ် ပစ္စည်းကို မဆို… အနုပညာ ပစ္စည်းလို့ .. သတ်မှတ်လို့ ရနေပါတယ် ။
ကိုယ်တိုင် မဖန်တီးလည်း …ရတယ် ။ ကိုယ်တိုင် မဖန်တီးသည် ဖြစ်စေ… ကိုယ်တိုင် ဖန်တီးသည် ဖြစ်စေ…. ( ရှိပြီးသား..အရာ / ပစ္စည်းတစ်ခုခုကို )
လည်း… အနုပညာ ပစ္စည်းအဖြစ်… ချ..ပြလို့ ရနေတယ် ။
ဒီတော့… ဘယ်သူမဆို အနုပညာ သမား… ဖြစ်သွားမှာပေါ့  ။
အနုပညာဆိုတာကို ဘယ်လိုမှ မခံစားတတ်တဲ့  / အနုပညာ အကြောင်း..ကို.. ဖဲချပ်တစ်ချပ်လောက်မှ စိတ်မ၀င်စားတဲ့ သူ..ကလည်း.
တွေ့ ရာ ပစ္စည်း တစ်ခုခု ကို ကောက်ကိုင်ပြပြီး.. ” ဒါ..အနုပညာ ပဲ..’
လို့ ပြောလာရင်…အနုပညာတိုင် ပတ် သွားမှာပေါ့နော် ။.
DUCHAMP ကတော့….
ဘယ်သူတွေ ဘာပြောပြော…. ကျင်ငယ် စွန့်တဲ့ ကြွေ ခွက်ကြီးကို…
အနုပညာ ပစ္စည်းတစ်ခု အဖြစ်….. တင်ပြ သွားလေရဲ့ …။
______________________________________________
စိတ်ကူ အဓိက အနုပညာ သမား ( CONCEPTUAL ARTIST ) တွေ့ ရဲ့ … ယုံကြည်ချက်နဲ့ ..
အတွေးအခေါ်…..ယူဆ ချက်တွေကိုတော့.. လေးလေးစားစား…နာယူ မှတ်သားခဲ့ပါတယ် ။
အနုပညာ ဖန်တီးရာ မှာ….
စိတ်ကူးသာ အဓိက ပဲ…. ဆိုတဲ့  အချက်က… စည်းတွေ… / ဘောင်တွေ../ ခွင်…တွေ..ရဲ့  တားမြစ်ချက် တော်တော်များများကို…
ရိုက်ချိုး..ဖောက်ထွက် ရဲ..လှပါတယ် ။
( သတ္တိ လို့ ခေါ်ရမလား….မိုက်ရူးရဲတယ်လို့ ..ဆိုရမလား.တော့မဝေဖန်တတ်တော့ပါဘူး )
If someone says it ‘ s Art .
It ” s Art .
ဆီုတဲ့ စကားတစ်ခွန်းကိုလည်း… Don Judd ဆိုသူတစ်ဥိးက.. ၀င်ပြောသွားခဲ့ပါသေးတယ် ။
CONCEPTUAL ART က စာပေ အနုပညာ ../ မြန်မာ့ စာပေအနုပညာလောကမှာ….. ထဲထဲဝင်ဝင်..
မထိုးဖောက်နိုင်သေးဘူး.လို့ မြင်မိပါတယ် ။
အမေရိကန် ပြည်ထောင်စုမှာတော့… 1960 နောက်ပိုင်း…မှာ… ထွန်းကား ခဲ့တယ်…လို့ ..မှတ်ဖူး../ ဖတ်ဖူးခဲ့ပါရဲ့  ။
_____________________________________
CONCEPTUAL ARTIST တွေ..ရဲ့ … အလိုအရ ဆိုရင်…
အနုပညာ တစ်ရပ် ဖန်တီး.ရာမှာ…အခြား…ဘာ မှ မလိုပါဘူး..တဲ့ ။
စိတ်ကုးလေး တစ်ခု သာ..အဓိက…တဲ့  ။
ဝတ္ထု တစ်ပုဒ် ဖန်တီးတော့မယ်…ဆိုပါတော့..။
ဝတ္ထု ဆိုတဲ့ .. စာပေ အနုပညာကို ဖန်တီးရာမှာ….
ဝတ္ထုရေးခြင်း အတတ်ပညာ/ ဇာတ်လမ်း../ စကားလုံး../ ( ဘာသာစကား က အဓိက ပေါ့လေ.)
ဒါတွေ..ဒါတွေ..လိုပါတယ် ။
ပြီးတော့….အစီအစဉ်ကျန စွာ..ကြောင်းကျိုး.ညီညွတ်မှုတွေ..နဲ့  အနုပညာသမား ရဲ့  ပါရမီ..ဆိုတာတွေလည်း.လိုပါသေးတယ် ။

ဒီအချက်တွေနဲ့ ရေးတာ ဟာ…
သရုပ်မှန် ၀ါဒ ( Realism ) အရ… သမားရိုးကျ ရေးတာပါ ။
__________________________________
စိတ်ကုး အဓိက အနုပညာ သမားတစ်ယောက်….
ဝတ္ထူ တစ်ပုဒ် ဖန်တီးတော့မယ်..ဆိုရင်…(( ၀တ္ထုရေးခြင်း အတတ်ပညာ/ ဇာတ်လမ်း../ စကားလုံး../ ( ဘာသာစကား က အဓိက ပေါ့လေ.)
အစီအစဉ်ကျန စွာ..ကြောင်းကျိုး.ညီညွတ်မှုတွေ..နဲ့  အနုပညာသမား ရဲ့  ပါရမီ…..))
အဲဒါတွေ.. ဘာမှ မလိုတော့ပါဘူး..တဲ့  ။
ဥပမာ…
ဓါတ်မီးတစ်လက်ကို… နာမည် တစ်ခု.. တပ်…/ လတ်မှတ်ထိုးပြီး… ” ဒါ ၀တ္ထု တစ်ပုဒ်ပဲ..” လို့ ပြောပါလိမ့်မယ် ။
ဒါမှမဟုတ်လည်း.သောက်ရေတစ်ခွက်ကို ယူပြပြီး…
” ဒါ ၀တ္ထုတစ်ပုဒ် ပါ…” လို့ ..ဆိုပါလိမ့် မယ် ။
( ဥပမာ..ပြောတာပါ )
ရသလား…. / အဲသလို ရသလား….
သူတို့  အလို အရ ဆိုရင်တော့..ရပါတယ် ..တဲ့ ။
______________________________________
ဒါတွေ က ဥပမာ စကားတွေ ပါနော် ။
မြန်မာ့ အနုပညာလောက ထဲမှာတော့….
ဒါမျိုး.ဖော်ပြချက်တွေ.. မတွေ့ ရသလောက်ပါပဲ..။
ဇော်ဇော်အောင်ရဲ့ ….
ငယ်ချစ်နာမည် မနှင်းဆီ…ဆိုတဲ့ ဝတ္ထုတို ( ၀ါနီပြာ မဂ္ဂဇင်း ထင်ပါတယ် ။ မဂ္ဂဇင်းအမှတ်နဲ့ ထုတ်ဝေတဲ့ နှစ်..ကို မမှတ်မိတော့ပါဘူး ။)
အဲဒီ ၀တ္ထုတို ကတော့….
ဘာ စာသားတစ်ခုမှ မပါပဲ…
အ၀ါရောင် ဖဲကြိုး….တစ်စ ကို.. စာရွက်မှာ. ကပ် ပေးထားရုံ….လေး..တင်ပြခဲ့ ပါတယ် ။
အဲဒီ ၀တ္ထု ကိုတော့… CONCEPTUALISM ..ရဲ့ အငွေ့ အသက်တွေ..လွှမ်း ခြုံ ထားတယ်..လို့ …. ပြောရင် ရမယ် ထင်တယ်..နော် ။
_____________________________________________
( မြန်မာ့ ပန်းချီအနုပညာ(.တချို့ ) မှာတော့… CONCEPTUALISM စိမ့်ဝင် ပျံ့ နှံ့  မှု တွေ.. တွေ့ လာရပါတယ် ။ )
ဘာသာစကား / စကားလုံး../ စာသား နဲ့  ဖော်ပြရတဲ့  စာပေ အနုပညာ မှာ… အဲဒီ စာသား / ဘာသာစကား ..ကိုမှ
စွန့် ပစ်လိုက်မယ်..ဆိုရင်…
( အခြားနူိုင်ငံမှာ ဆို…. ပွက်လော ရိုက်ရုံလောက် သာ…ဖြစ်မယ်.. )
ကျွန်တော်တို့  အနုပညာ လောက မှာဆိုရင်…………………
( ကလောင်ဓါး… / ကလောင် တုတ်တွေ.. များ…. ဆွဲ.ကုန်ကြမလားပဲ..။ ဒါက ကျွန်တော့် ပျက်ချော်ချော်…အတွေးပါ ။ )
__________________________________________
ဘာ စာသား…/ ဘာ စကားလုံးမှ မပါတဲ့ …
အနုပညာ ပစ္စည်းဆိုတဲ့  အရာ ( ဥပမာ… ဓါတ်မီးတစ်လက် ) ကို…
အနုပညာ ပစ္စည်း အဖြစ် လက်ခံနိုင်ဖို့ ….
ကျွန်တော်တို့ ..အတော်လေး…. အားမွေး..ယူရဦးမယ်…ထင်ပါတယ် ။
____________________________________________
အနုပညာ ဆိုတာ စိတ်ကူးပဲ…။
ဘာ ပစ္စည်း နဲ့ ..လုပ် လုပ် ရတယ် ။
ဘယ်သူ လုပ် လုပ် ရတယ် ။
ကိုယ်တိုင် မလုပ် လည်း..ရတယ် ။
စိတ်ကူးသာ.. အဓိက ပဲ…ဆိုတဲ့ 
CONCEPTUALISM ကိုင်စွဲသူတွေရဲ့ 
စကားတွေဟာ…
ကျွန်တော့် အနုပညာ အိပ်မက် တွေ ကို…
စောင်ထူထူ ခြုံ ပေးလိုက်သလိုပါပဲ…။
မွန်းကြပ် ပိတ်လှောင်သွားလိုက်…..
နွေးထွေး လုံခြုံသွားလိုက်..နဲ့ ပေါ့ဗျာ…။
ဒါပေမယ့်…..
_______________________________________-
CONCEPTUALISM ကို.. ကျွန်တော်…မချစ်ဘူး..။
မုန်းလည်း..မမုန်းပါဘူး ။
အဲ………….
နည်းနည်းတော့.. ကြောက်လန့် မိတယ် ။
အံ့ သြကြီးစွာလည်း..ဖြစ်ရပါတယ် ။
ဒီ CONCEPTUALISM …ကိုတွေ့ ရတာဟာ….
ကိုယ် ကြည့်နေတဲ့  TV ထဲက ဇာတ်ကောင်တစ်ယောက်….
TV မှန်သားပြင် ထဲကနေ….
အပြင်ကို ..ခြေထောက်တစ်ဖက်..ကျော်ထွက်လာတာကို… တွေ့ လိုက်ရသလိုကြီး.. ခံစားမိပါတယ် ။


http://mandalaygazette.com/145905 မှ….
—————————————–
အဲဒီလို…နဲ့ …
ကျွန်တော်..တော့….
ဘာသာစကားကို မသုံးပဲ ကဗျာတွေ ရေးချင်နေတယ်..။
ဘာသာစကားမပါပဲ….
ဝတ္ထုတွေ..ရေးချင်လာတယ်..။
ကျွန်တော်က… ဘာသာစကားကို  စွန့်ပယ် ထားလို့ …
အဲဒါ..၀တ္ထု မဟုတ် / ကဗျာ မဟုတ်လို့ ..ပြောချင်လည်း.ပြောကြပေတော့….
သေချာတာတော့… ကျွန်တော် အနုပညာအဖြစ် ဖန်တီးလိုက်တဲ့ … အရာ ပဲ..ဆိုတာပဲ.. ။
ဘာသာစကားမပါတဲ့  ကဗျာကို… အနုပညာပစ္စည်း မဟတ်ုဘူးလို့ .. ပြောရင်လည်း..
ကျွန်တော်ကတော့.. ပြုံးနေလိုက်တော့မှာပဲ…။
————————————–
ဒါပေမယ့်….
ဒါပေမယ့်..ပေါ့…လေ….
ကျွန်တော်  စိတ်တိုင်းမကျသော..ဘာသာစကားကို…
လုံးဝ စွန့် ပယ်လို့ .. မရသေး….
မပေါင်းလည်းခက် ပေါင်းလည်း ခက်တဲ့ …. အနေအထားနဲ့ …
ပေါင်းဖက်နေရဆဲ….
ကျွန်တော်… အမြစ်လှန် တွန်းဖယ်ချင်နေတဲ့ … ဘာသာစကားသစ်ပင်ကြီးအောက်မှာ…ထိုင်နေရဆဲ….
ဘာသာစကားဟာ… ကျွန်တော်တို့ ..လူငယ် အနုပညာသမားတွေ ရဲ့ .. လွတ်လပ်စွာ ဖန်တီးရေးဖွဲ့ …ဖော်ထုတ်ပြသခြင်းရှေ့မှာ..
မီးစတစ်ဖက် ရေမှုတ်တစ်ဖက်နဲ့ ..   ကာဆီးကာဆီး..ရှိနေဆဲ….
—————————————–
အခုပဲ..ကြည့်…
ကျွန်တော်… ဘာသာစကားကို..
သိပ်စိတ်တိုင်းမကျတဲ့ ..အကြောင်း…ကို…
ဘာသာစကားနဲ့ …ပဲ.ရှင်းပြနေရတယ်.. ။
ကျွန်တော် အခု ပြောပြခဲ့သလောက်ဟာ…
ကျွန်တော် ပြောချင်တဲ့  ခံစားချက် အကုန်တော့မဟြုတ်သေးဘူးဆိုတာ..သေချာတယ်.. ။
ကျွန်တော်…ပြောချင်တဲ့ .. တချို့ စကားတွေကို…
ဘာသာစကားက…  ပြ မပေးနိုင်ဘူး… ဦးဆာရေ…
———————————————
 ((( ကျွန်တော်.. ဘာသာစကားမသုံးပဲ.. ဖန်တီးထားတဲ့  ကဗျာတွေကိုတော့.. နောက်မှ ပဲ.ပြတော့မယ်ဗျာ..။  )))
လေးစားစွာဖြင့်…
အလင်းဆက်
 
 http://mandalaygazette.com/189034

Comments

Popular posts from this blog

မုဒြာရဲ့ခေါ်သံကို ခံစား ဝေဖန်ခြင်း

“ဂျူးရဲ့ ရသခြုံလွှာကို ခံစား၊ဝေဖန်ခြင်း”

ဝမ်တိန်အသွားလမ်းကို ခံစား၊ ဝေဖန်ခြင်း (စာပေဆောင်းပါး)