ရာသီကြမ်းမှာမှ စိုက်ပျိုးလိုက်တဲ့ကဗျာ

”ရာသီကြမ်းမှာမှ စိုက်ပျိုးလိုက်တဲ့ကဗျာ”
~~~~~~~~~~~~
-

မောနေကြပြီလား ?
ခရီးကြမ်းကြီး လှမ်းခဲ့ရတာ
ခပ်ပါးပါး ဘဝတွေတောင်
ထူလို့ . . . အမ်းလို့ . . .
ရေကြည်ရာ မြက်နုရာ. . .
အခု အဲဒီခေတ်ကြီးပျောက်လို့….
ရှာနေကြတုန်းပေါ့ ။
နောက်ဆုံးတော့လည်း. . . .
ကိုယ့် ကိုယ်တွေကို ရေလောင်း
ကိုယ့် ကိုယ်တွေကို ပေါင်းသင်လို့ . . .
နှုတ်သင့်တာ နှုတ် ဖြုတ်သင့်တာ ဖြုတ်ပြီး
ကိုယ့်ဘဝတွေကပဲ
ကိုယ့်ဘဝရဲ့ ရေကြည် မြက်နု….အခု ဖြစ်ရမယ်. . .ပေါ့။
ဒီသက်တမ်းမှာ . . .
လူဖြစ် ရှုံးရှုံး / မရှုံးရှုံး ။ ။
~~~~~~~~~~~~~~
အလင်းဆက်@သူရ
၂၀၁၄ ခုနှစ်၊ အောက်တိုဘာ၊ ၂၇
ည ၇ နာရီ၊ ၆ မိနစ်

Comments

Popular posts from this blog

မုဒြာရဲ့ခေါ်သံကို ခံစား ဝေဖန်ခြင်း

“ဂျူးရဲ့ ရသခြုံလွှာကို ခံစား၊ဝေဖန်ခြင်း”

ဝမ်တိန်အသွားလမ်းကို ခံစား၊ ဝေဖန်ခြင်း (စာပေဆောင်းပါး)