ဤစာသားများ…သမိုင်းတွင်လေရစ်ပေတော့… - အလင်းဆက်

မြေကမ္ဘာရေ. . .
ရှိုက်သံအနှောနှော. . .
သက်ပြင်းအရောရောနဲ့
ဒရောသောပါးပါပဲ
ငါ မင်းထံ. . .ရောက်ခဲ့တယ်. . .
မြေကမ္ဘာရေ. . .
လက်ညှိုးအမည်းရောင်များနဲ့
အသံနီနီညိုညစ်တို့ . . .
ဖုံးလွှမ်းစေရမယ့် နက္ခတ်ဇယားကွက်မှာ. . .
ကံမိုးသည်းထဲ
ငါ မလွဲဘဲ ပါနေတယ် မြေကမ္ဘာ…
အို. . .မြေကမ္ဘာ. . .
သင့်ရင်သွေးဖြစ်တဲ့ငါ. . .
သင့်လို ခိုင်မတ်ဖြောင့်တည်မှုနဲ့
တောင့်တင်းစွာ မရပ်နိုင်ဘဲ
ပြိုလဲဖူးတဲ့ ကာလတွေအတွက်
သင့်ကို ငါ . . .
ရှက်ပြုံး တစ်ချက်ဖြစ်ဖြစ် . . .ပြုံးပြခွင့်ပြုပါ မြေကမ္ဘာ. . .
မြေကမ္ဘာ. . .
သင့်သီအိုရီအရ
အမှောင်တစ်ခြမ်းအလင်းတစ်ဝက်နဲ့
နေမဝင်ခင် သပ်သပ်ရပ်ရပ်ပြန်ဖြစ်လို့. . .
ငါ့ မွန်းကျပ်ခြင်းတို့ ခဏတာပြီးဆုံးခဲ့ပြန်တယ်. . .
မြေကမ္ဘာရေ. . .
နောက်ဆုံးမှာ . . .
နိဂုံးဟာ မီးခိုးလုံးဖြစ်ရမယ်ဆိုတဲ့ . . .
သင့်ရဲ့ မလွဲတဲ့ ဒဿနနဲ့
ငါ့ကိုယ်ငါ ပြန်တည်ဆောက်ပြီး
”ပျောက်သောသူငါ့ကို” ”ရှာသောသူငါ”ကပဲ
ဘွားခနဲ တွေ့လိုက်တယ်. . .
မြေကမ္ဘာရေ. . .
သင့်ရဲ့ စံနမူနာကို တုပြီး. . .
ငါအခု . . .
ငါလေ. . .အခု. . .
အေးစက်တဲ့ သံလွင်မြစ်ကမ်းနံဘေးက
ကျောက်ခက်ကျောက်ဆောင် ခပ်သေးသေးလေး. . .
ဖြစ်နေပြီ မြေကမ္ဘာ. . .
ငါ ချစ်မြတ်တွယ်တာဖူးပါသော မြေကမ္ဘာ. . .
ဒီတစ်လှည့်မှာတော့ . . .
ငါ့ကိုသာ ခွင့်လွှတ်ခဲ့ပါ. . .
နောက်ဆုံးခေါ်သံအဖြစ်
”ဤအသံ”အား   အသင် ကြားရခြင်း ဖြစ်တယ် မြေကမ္ဘာ. . .
အစဉ်သာ ငါခေါ်ဖူးသမျှ
ငါ့ခေါ်သံတွေ ချုပ်ငြိမ်း. . .
ငါ့ကိုယ်ငါ မီးစိမ်းပြလို့
ဒီပုံစံထဲက ငါ. . .
ထွက်ခွါသွားနိုင်ပါပြီ မြေကမ္ဘာ…
အလိုရှိတဲ့အခါ. . .
သင်သာလျှင် ”ခေါ်သူ” . . .
ငါကတော့ ”ကြားယောင်သူ”…
ဖြစ်စေတော့မည် မြေကမ္ဘာ. . .
ရှောင်မလွဲတဲ့ သက်ရောက်ခြင်းတွေကြားမှာ…
ဤသည်ပင်လျှင် ”ငါ၏ချစ်မေတ္တာကျိန်စာ”အဖြစ်. . .
သမိုင်းတစ်ခု တွင်လေရစ်စေသတည်းပေါ့. . .
ချစ်သော မြေကမ္ဘာရေ. . . .
။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။
မောင်သူရ






ခ






ဂ







ဃ




င



စ







ဆ








ဇ








စ်




ည







========================







ဒါဟာ ကဗ်ာတစ္ပုဒ္မဟုတ္ပါဘူး..
ရင်ထဲမှာ…လှည့်လည် ကခုန်သွားတဲ့ စကားလုံး ကချေသည်များပါ…
နှလုံးထဲ…လှည့်ပတ်စီးဆင်းသွားတဲ့…စကားလုံး မြစ်တစ်စင်းပါ…
ဒါကြောင့်… ဒီစာသားတွေမှာ… အစမရှိ…အဆုံးမရှိ…ခေါင်းစဉ်လည်း..မရှိပါဘူး..
စာသားတွေပါပဲ…
ထပ်ပြောပါ့မယ်..
ဒါဟာ..စာသားတွေပါပဲ…

အလင်းဆက်

About အလင်းဆက်

Comments

Popular posts from this blog

မုဒြာရဲ့ခေါ်သံကို ခံစား ဝေဖန်ခြင်း

“ဂျူးရဲ့ ရသခြုံလွှာကို ခံစား၊ဝေဖန်ခြင်း”

ဝမ်တိန်အသွားလမ်းကို ခံစား၊ ဝေဖန်ခြင်း (စာပေဆောင်းပါး)