နှစ်သစ်ကို …ပျစ်ပျစ်နှစ်နှစ် ကူးသွားတဲ့သင်္ကြန်

  • `` နှစ်သစ်ကို ပျစ်ပျစ်နှစ်နှစ် ကူးသွားတဲ့သင်္ကြန်


  • #မေမေရေ. . .

  • မေမေတို့ခေတ်ရဲ့ သင်္ကြန်ပွဲ. . .
  • တသသကျန်လောက်အောင်ယဉ်စစ
  • လှခဲ့တယ်ဆို. . .
  • အခု ဒီခေတ်ရဲ့သင်္ကြန်ပွဲ. . .
  • အရိုင်းဆန်လွန်းလို့. . .ရိုးရာအလံတောင် လဲလုပြီ. . .
  • # မေမေရေ. .
  • ခပ်ကဲကဲ . . . နွှဲဖို့သာသိတဲ့
  • ဒီခေတ်ရဲ့ပွဲသင်္ကြန်. . .
  • စူးစူးရှရှ တူးခါးတဲ့သံစဉ်အကတွေနဲ့ပေါ့ . . .
  • နှစ်သစ်ကူးကြီး. . . မူးနေပြီမေမေ. .
  • # မေမေရေ. . .
  • သပြေခက်နဲ့ပန်းပိတောက်ရနံ့ တို့ ပျောက်ဆုံး. . .
  • အရက်နဲ့မိတ်ကပ်နံ့တွေ တထောင်းထောင်း ထ လို့ပေါ့. . .
  • ဟောဒီကိုယ်လုံးတီးသင်္ကြန်. . . 
  • သိကြားမင်းလည်း
  • မဆင်းချင်တာသေချာတယ် ။
  • # မေမေရေ. . .
  • နှစ်သစ်ကို ပျစ်ပျစ်နှစ်နှစ်ကူးဝံ့ကြသူတို့ရဲ့. . .
  • အဖော်အချွတ်သင်္ကြန်ပွဲမို့. . .
  • ပြန် လှန် မကြည့်သင့်တဲ့သမိုင်း. . .
  • ရာဇဝင်တောင် ရိုင်းလုပြီ ။
  • # မေမေရေ. . .
  • သိမ်မွေ့ ယဉ်ကျေးသော အတိတ်သင်္ကြန်ကို လွမ်းရင်း. . .
  • မအေးတော့တဲ့ သင်္ကြန်ရေ. . .
  • မမွှေးတော့တဲ့ သင်္ကြန်လေကြားမှာ..
  • သိကြားမင်းကြီး လက်မှိုင်ချနေလောက်ရဲ့ . . .
  • သူ့ ခွေးသားရေ စာမျက်နှာလည်း
  • မှတ်ရတာ မဆံ့လောက်ဘူးလေ. . .
  • # မေမေရေ. . .
  • တစ်နှစ်စာလုံး မျိုသိပ်ထားကြတဲ့
  • အရှက်နဲ့ အပျော်လွန်လိုစိတ်တွေကိုမှ. .
  • သိက္ခာရေချတဲ့ပွဲမို့. .
  • တလွဲပျော်တဲ့ ဒီသင်္ကြန်ကြီး. . .
  • အရောင် မွဲလွန်းတယ်မေမေ. .
  • # မေမေရေ. . .
  • မသိုးမသန့် မဏ္ဍပ်တွေရှေ့ . . .
  • ရှိုးတိုးရှန့်တန့် ဖြတ်လျှောက်မိတိုင်းပေါ့
  • ထိစိုမိတဲ့ ရေ ...
  • တစ်စက်နဲ့တောင် ပူတယ်မေမေ. . .
  • ဒီလောက် ဖြစ်နေမှတော့. . .
  • ဒီလိုသင်္ကြန်ဆို . . .
  • အတည်ကို မကြံချင်တော့ဘူး. . .
  • အိမ်ထဲမှာပဲ . . .
  • နေပါတော့မယ် မေမေရယ်. . .
  •  
  • **************************
  • အလင်းးဆက် (Gazette)
  • 19 / 3 / 2014 / 14 : 30 /
  • ( မရမ်းကုန်း )
 http://mandalaygazette.com/195544

Comments

Popular posts from this blog

မုဒြာရဲ့ခေါ်သံကို ခံစား ဝေဖန်ခြင်း

“ဂျူးရဲ့ ရသခြုံလွှာကို ခံစား၊ဝေဖန်ခြင်း”

ဝမ်တိန်အသွားလမ်းကို ခံစား၊ ဝေဖန်ခြင်း (စာပေဆောင်းပါး)