C

C = Clean




oooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooo


ကျနော်တို့သည် ညစ်ပတ်ပေရေလွယ်သော ပတ်ဝန်းကျင်ထဲတွင် နေသားတကျ ပါဝင်လှုပ်ရှားနေကြရသူများဖြစ်သည်၊၊

အဲ့သည် ညစ်ပတ်ပေရေမှုများကို တတ်နိုင်သမျှ ဖယ်ရှားပစ်ပြီး သန့်ရှင်းစင်ကြယ်စွာ နေထိုင်နေသူများလည်း ဖြစ်သည်၊၊

ကျနော်တို့၏ တကိုယ်ရည်သန့်ရှင်းမှုမှအစ--- ကျနော်တို့နေထိုင်ရာ အခန်း---ပတ်ဝန်ကျင်တဝိုက်အလယ်---
ကျနော်တို့၏ တိုင်းခန်းပြည်ရွာအဆုံး---ထိုအတောအတွင်းရှိ အညစ်အကြေးများကို ဖယ်ရှားသန့်စင်ပစ်ရင်း လူရည်သန့်များဖြစ်အောင် (ထို့အပြင် ရောဂါပိုးမွှားစွဲကပ်သူများ မဖြစ်အောင်) သက်ရှင်နေထိုင်ကြရသည် မဟုတ်လား၊၊

ကိုယ်နေထိုင်သည့်အခန်းကလေး သန့်ရှင်းသပ်ရပ်နေဖို့ လိုပါသည်၊၊

ကိုယ့် "ကိုယ်"သည်လည်း သန့်ရှင်းစင်ကြယ်နေဖို့ လိုပါသည်၊၊

သို့သော် ကျနော်တို့သည် ပြင်ပမှ မြင်လွယ်တွေ့လွယ်သော အရာများကိုသာ သန့်စင်ဆေးကြောလေ့ရှိပြီး
မမြင်ရသော အမှိုက်များကိုတော့ တော်ရုံနှင့် မမြင်တွေ့ဘဲ
ထို မမြင်နိုင်သော အမှိုက်သရိုက်များကြားမှာ
ညစ်ထေး ရှုပ်ပွနေတတ်ပါသည်၊၊

ကျနော်ဆိုလိုသည့် မမြင်လွယ်သော အမှိုက်ဆိုသည်မှာ စိတ်အတွင်းပိုင်းတွင် ကိန်းအောင်းနေတတ်သည့်အရာများ ဖြစ်ပါသည်၊၊

ကျနော်တို့ စိတ်ထဲတွင် အပိုစာသားဖြစ်နေသော ခံယူချက်များ ရှိနေသည်၊၊

မတော်လောဘများ---
လွန်ကြူးသော ဒေါသများ---
မလိုအပ်သော မနာလိုဝန်တိုမှုများ---
ခွင့်မလွှတ်နိုင်သည့်စိတ်အခြေအနေများနှင့် ကလဲ့စားချေလိုစိတ်များ--- စသည်ဖြင့်---

ရှင်းထုတ်ပစ်မည်ဆိုလျှင် --အတော်လေး ပေါ့ပါးသက်သာသွားစေမည့် စိတ်ခံစားမှုများ ရှိနေတတ်သည်ဟု ဆိုပါစို့၊၊

ဒါပေမဲ့ ကိုယ်မှန်တယ် ထင်ရာ ခံစားချက်ကို ကိုင်စွဲထားမှတော့ အဲ့သည်အမှိုက်သရိုက်တွေကို အလွယ်တကူ ရှင်းထုတ်ပစ်ဖို့ မလုပ်မိတတ်ကြဘူး၊၊

အဲ့သည်လို စိတ်အညစ်အကြေးတွေအကြောင်း စဉ်းစားမိသွားစေသည့် ရုပ်ရှင်ဇာတ်လမ်းတစ်ပုဒ်ကို ကျနော် ကြည့်လိုက်မိသည်မှ အစပြုပြီး ဤဆောင်းပါးအား ရေးသားမိခြင်း ဖြစ်သည်၊၊

ကျနော် ပြန် ပြောပြချင်နေသည့်
I spit on your grave ဆိုသည့် ရုပ်ရှင်ဇာတ်လမ်း၏ အကြောင်းအချက် အနည်းငယ်ကို အသင် နားထောင်ချင်မည်ဟု ထင်ပါသည်၊၊
I Spit On Your Grave
I Spit On Your Grave














--------------------------------------------------------------


I spit on your grave ဆိုသည့်ဇာတ်ကားကို ကြည့်ပြီးလျှင် ကလဲ့စားချေလိုစိတ်အကြောင်းကို မစဉ်းစားမိဘဲ မနေနိုင်ပါ၊၊
ဇာတ်ကားသည် 1 & 2 နှစ်ကား ထွက်ထားပြီး (ဇာတ်လမ်းအနည်းငယ်) ဆင်တူရိုးမှား ပြကွက်များဖြင့် ဖန်တီးထားသည်၊၊
ဤရုပ်ရှင် ဇာတ်ကားကို ဖန်တီးသူများကတော့.. ဒါရိုက်တာ Steven R Monroe က နှစ်ကားလုံးကို ဖန်တီးထားပြီး
သရုပ်ဆောင်သူများအဖြစ်...
အတွဲ ၁ တွင် sarah butler ၊ အတွဲ ၂ မှာတော့... Jenma Dallender တို့က သရုပ်ဆောင်ပေးထားသည်။
ကျနော်မှတ်မိသမျှမှာ ဇာတ်လမ်းကျောရိုးနှင့် ကြက်သီးထဖွယ်ရာကောင်းသော သတ်ဖြတ် ကလဲ့စားချေမှုများသာ ဖြစ်သည်၊၊
ဇာတ်ကားအမှတ် ၁ သည်---
အဓိက သရုပ်ဆောင်ဖြစ်သူ စာရေးဆရာမငယ်ငယ်ကလေးတစ်ယောက် တောစပ်ရှိ သူမ၏ နေအိမ်ဆီ သွားရောက်ပြီး တစ်ကိုယ်တည်းနေကာ အေးအေးလူလူ စာရေးရာမှ စပါသည်၊၊

ှSarah Sutler
Sarah Sutler



















ထိုစာရေးဆရာမ ငယ်ငယ်ချောချောကလေး၏ လိင်ဆွဲဆောင်မှု ရှိမှုကို သဘောအကျကြီးကျသွားသည့် တောစပ်အနီးမှ လမ်းသရဲဆန်ဆန် ယောကျာ်း လေးငါးယောက်က သူမ၏အိမ်ထဲ အတင်းဝင်ရောက်ကာ အနိုင်ကျင့်ကြသည်၊၊

သာမန်မဟုတ်သော လိင်ပိုင်းဆိုင်ရာ ခိုင်းစေမှုများဖြင့် အနိုင်ကျင့်သည့်အပြင်
ရိုက်နှက် နှိပ်စက်မှုများလည်း လုပ်ကြသည်၊၊
မိန်းမလှလေးက ထိုလူရမ်းကားများဆီမှ ထွက်ပြေးသည်၊၊

.ပြေးရင်းလွှားရင်းဖြင့် -.တောစပ်တစ်နေရာတွင် နယ်မြေခံရဲတစ်ယောက်နှင့် ကြုံသည်၊၊

ထိုရဲကို အကူအညီတောင်းပြီး ရဲကားဖြင့်ပင် သူမ၏အိမ်ဆီ ပြန်သွားကြသည်၊၊

သူမ၏ အိမ်ဆီသို့ ရောက်သည့်အချိန်တွင် အားကိုးတကြီး တိုင်တည်မိသည့် ထိုရဲသည် သူမကို အကြမ်းဖက်သည့်အဖွဲ့နှင့် လည်ပင်းဖက် ပေါင်းနေသည့် အကျင့်ပျက်ရဲသာ ဖြစ်ကြောင်း သိလိုက်ရလေသည်၊၊


ထပ်မံထွက်ပြေးဖို့ရာက နောက်ကျသွားလေပြီ၊၊

ရဲသားနှင့် လူရမ်းကားများ ပူးပေါင်းပြီး ပိုးစိုးပက်စက် အနိုင်ကျင့်ကြသည်၊၊
.သေလုမျောပါးဖြစ်သည်အထိ တစ်ယောက်ပြီးတစ်ယောက် မုဒိမ်းကျင့်ကြခြင်းဖြစ်သည်၊၊

အဲ့သည်နောက်တော့ ထိုစာရေးဆရာမလေးသည် သေလုမျောပါးအနေအထားမှ ရှိသမျှ အားနှင့် ကုန်းရုန်းထပြီး---
အနီးအနားရှိ မြစ်ငယ်လေးထဲသို့ ခုန်ချသွားသည်၊၊


လူရမ်းကားအဖွဲ့က သူမ ပြန်ပေါ်လာနိုးဖြင့် စောင့်ကြည့်နေသော်လည်း သူမသည် လုံးဝ ပြန်ပေါ်မလာတော့ချေ၊၊


.မြစ်ငယ်လေးထဲ နစ်မြုပ်ပျောက်ကွယ်သွားသော စာရေးဆရာမလေးကို သေပြီဟု ယူဆလိုက်ကြပြီး နောက်-----

မထင်မှတ်ပဲ ထိုစာရေးဆရာမလေးက ဘွားခနဲ ပြန်ပေါ်လာပြီး သူမကို အနိုင်ကျင့်စော်ကားခဲ့သူများအား
တစ်ယောက်ပြီးတစ်ယောက် ပြန် လက်စားချေဖို့ ကြိုးစားတော့သည်၊၊


လက်စားချေသည့်ပြကွက်များသည် ခုတ်ထစ်သတ်ဖြတ်မှုများကို အသေအချာရိုက်ပြထားသောကြောင့် ကြောက်မက်ဖွယ်ရာ---

ထို့အပြင် ကလေးငယ်များနှင့် အမျိုးသမီးငယ်များ မကြည့်ဝံ့စရာ---
ကလဲ့စားချေ သတ်ဖြတ် ခုတ်ထစ်နေစဉ်အတွင်း သူမသည် သူမကို အနိုင်ကျင့်ကြစဉ်က လူရမ်းကားများ ပြောဆိုပြုမူခဲ့သည့် စကားများကို ပြန်ပြောသည်၊၊ သူမကို အနိုင်ကျင့်သည့်နည်းလမ်းထက် အဆများစွာ ပိုဆိုးသော နှိပ်စက်သတ်ဖြတ်မှုများ ဖြစ်သည်၊၊




ooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooo

I spit on your grave(2) သည်လည်း အမျိုးသမီးတစ်ယောက်ကို အနိုင်ကျင့်စော်ကား သတ်ဖြတ်မှုပင်ဖြစ်ပြီး
ထိုအမျိုးသမီးက ပြန်လည် ကလဲ့စားချေသည့် ဇာတ်လမ်းသာဖြစ်သည်၊၊

သို့သော် ကျနော်က 2 ကို ပိုသဘောကျပါသည်၊၊

2 ထဲတွင်မတော့ အဓိက ဇာတ်ဆောင်သည် နာမည်မကြီးသေးသော မော်ဒယ်အမျိုးသမီးလေးအဖြစ် သရုပ်ဆောင်ရပြီး
ထိုအမျိုးသမီးလေးကို လိင်ပိုင်းဆိုင်ရာ စွဲလမ်းမှု ဖြစ်သွားသည့် ယောက်ျားတစ်ယောက်က အတင်းကာရော မုဒိမ်းကျင့်မိရာက စပါသည်၊၊



နာမည်မကြီးသေးသော မော်ဒယ်လေးအဖြစ် သရုပ်ဆောင်သူ Jenma Dallender
နာမည်မကြီးသေးသော မော်ဒယ်လေးအဖြစ် သရုပ်ဆောင်သူ Jenma Dallender










.မော်ဒယ်အမျိုးသမီးလေး တစ်ယောက်ထဲနေသည့် အခန်းထဲ ခိုးဝင်သော မုဒိမ်းကောင်သည် လုပ်ချင်ရာ လုပ်ပြီးသွားသောအခါ အမှုပတ်မှာ ကြောက်သည့်စိတ်ဖြင့် လက်စဖျောက်ဖို့ ကြိုးစားလေတော့သည်၊၊

ထိုမုဒိမ်းကောင်က သူ့အပေါင်းအပါများကိုပါ စစ်ကူတောင်းပြီး အမျိုးသမီးလေးကို ဖမ်းဆီး ခေါ်ဆောင်သွားကြသည်မှာ အမေရိကမှသည် တခြားနိုင်ငံတစ်ခုဆီရောက်သည်အထိ၊၊

ထိုနိုင်ငံတွင် မြေအောက်တိုက်ခန်းကလေးအတွင်းမှာအမျိုးသမီးကို ဖမ်းချုပ်ထားပြီး ရိုက်နှက်သည့်အပြင်...
.နောက်ထပ် အပေါင်းအပါများကပါ ထပ်မံ မုဒိမ်းကျင့်ပြန်သည်၊၊

အဲသည်နောက် မတော်တဆ လွတ်မြောက်ဖို့လမ်းစပေါ်လာပြီး အမျိုးသမီးက ထွက်ပြေးပါသည်၊၊
ရိုက်နှက်နှိပ်စက်ခံထားရပြီး အကြိမ်ကြိမ်အခါခါ မုဒိမ်းအကျင့်ခံထားရသည့် သူမသည် ယိုင်ထိုးလဲကျလုမတတ် ပြေးလွှားရသည်၊၊

သူမ မကြားဖူးသော စကားများကို လမ်းပေါ်မှ ဒေသခံတွေဆီမှ ကြားရသည်၊၊
Help me ဆိုသည့် သူမ၏ အကူအညီတောင်းခံမှုကို ဘာသာစကားမတူသဖြင့် မည်သူမျှ နားမလည်နိုင်ကြ၊၊
သူမ ပို ပိုပြီး သွေးရူးသွေးတန်းဖြစ်လာသည်၊၊

သူမကို ဖမ်းဆီးနှိပ်စက်ကြသူများ၏လက်ထဲ ပြန်မိသွားမှာကို ကြောက်နေမိသည့်အပြင်
သူမကို ကူညီမည့်သူ မရှိတော့ဘူးလား ဆိုသည့်အတွေးဖြင့် နာကျင်စွာ ခြောက်ခြား---

ထို့နောက်--- လမ်းမကြီးပေါ်မှာ---
လူတွေကြားထဲမှာ---
.သွေးရူးသွေးတန်းအော်ဟစ်ပြေးလွှားနေသော သူမကို ရဲတစ်ယောက်က တွေ့သွားသည်၊၊

ထိုရဲက သူမကို ကားပေါ် တင်ပြီး ရဲစခန်းသို့ ခေါ်ဆောင်သွားပါသည်၊၊
ကံကောင်းထောက်မစွာဖြင့် ထိုရဲသည် အဂ်လိပ်ဘာသာစကား ပြောဆိုနိုင်သည်၊၊

သူမ ပြောမိသမျှ စကားမှာ ---
သူမသည် အမေရိကနိုင်ငံ နယူးယောက်မြို့မှ မော်ဒယ်ဖြစ်ကြောင်း---
သူမကို လူတစ်စုက ဖမ်းဆီးခေါ်ဆောင်လာပြီး မုဒိမ်းကျင့်သည့်အပြင် သတ်ဖြတ်ကာ လက်စဖျောက်ဖို့ထိ ကြံစည်ခံလိုက်ရကြောင်း---
အခုချက်ချင်း US Embassy ကို ပို့ဆောင်ပေးစေလိုကြောင်း---

သူမ၏ အမှုကို ဖြေရှင်းပေးဖို့ ကြိုးစားသော ရဲကတော့ တကယ့် စိတ်ရင်းစေတနာကောင်းသူဖြစ်ပြီး ....
သူမကို ချောက်ကမ်းပါးထဲ ထပ်မံတွန်းချမည့်သူတစ်ယောက်ကတော့ ရဲစခန်းထိ လိုက်လာပါသည်၊၊


ရဲစခန်းထဲမှ သူမကို လာခေါ်ထုတ်သူသည် သူမကို အပြည့်အဝကူညီပေးပါမည်ဟု ကတိပေးပြီး သူမနှင့်ပင် အမျိုးတော်စပ်သယောင် ဟန်ဆောင်ထားသည့် အမျိုးသမီးတစ်ယောက် ဖြစ်နေသည်၊၊


ထိုအမျိုးသမီးကြီးက မော်ဒယ်ကလေးအား သနားဂရုနာအပြည့်ဖြင့် နွေးထွေးစွာ နှစ်သိမ့်ပြီး ယုံကြည်စေသည်၊၊
ထို့နောက် US Embassy ကို လိုက်ပို့ပေးမည်ဆိုပြီး သူမကို ရဲစခန်းထဲမှ ခေါ်ထုတ်သွားသည်၊၊

သို့သော် သူ... ခေါ်သွားသည်မှာ သံရုံးသို့မဟုတ်ဘဲ အကြမ်းဖက်သူများထံသာ ပြန်ပို့ပေးခဲ့တော့သည်၊၊
တကယ်တော့ သူမကို အယုံသွင်းပြီး အကြမ်းဖက်သူများထံ ပြန်ခေါ်လာသည့်အမျိုးသမီးကြီးသည် ငွေပေးခိုင်းစေမှုကြောင့်
သားသမီးချင်း မစာနာစွာ ရက်စက်လိုက်သူ ဖြစ်သည်၊၊

.မော်ဒယ်ကလေးခမျာ အကြမ်းဖက်သူများလက်ထဲ ...
ဒုတိယအကြိမ် ပြန်ရောက်သွားပြီး ပထမအကြိမ်ထက် အဆများစွာ ပို ဆိုးဝါးသော ငရဲခန်းသို့ ရောက်ရလေတော့သည်၊၊

အမျိုးသမီးငယ်လေးအား ပိုတိုးပြီး ပြုကျင့်ကြသည်၊၊ ပိုမိုကာ နှိပ်စက်ညှင်းဆဲကြသည်၊၊
သူတို့အုပ်စုအပြင် အခြား အပေါင်းအပါများကိုပါ ခေါ်လိုက်ပြီး နှိပ်စက်ပြုကျင့်စေလိုက်သေးသည်၊၊

.နောက်ဆုံး လုပ်ချင်တိုင်းလုပ်လို့ ဝသောအခါ သွေးသံရဲရဲဖြင့် သေလုမြောပါးဖြစ်နေသော သူမအား အရှင်လတ်လတ် မြေမြှုပ်ကြတော့သည်၊၊

တစ်ခုတော့ ရှိသည်၊၊
သူတို့က သူမကို သစ်သား Box ကြီး တစ်ခုထဲ ထည့်ပြီး သူတို့နှိပ်စက်နေသည့် မြေအောက်ခန်းကလေးထဲမှာပင် ကျင်းတူးကာ မြှုပ်လိုက်ခြင်းဖြစ်သည်၊၊


ကံကောင်းချင်တော့ ထိုကျင်းသည် ကျွံကျသွားပြီး နောက်ထပ် မြေအောက်လမ်းကြောင်းတစ်ခုထဲ ပြုတ်ကျကာ Box ထဲမှ ထွက်လို့ရသွားသည်၊၊

သူမကို မြေမြှုပ်ကာ သတ်ပစ်ကြသော အကြမ်းဖက်သမားများကတော့ လက်စဖျောက်လိုက်နိုင်ပြီဆိုပြီး ပုံမှန် အေးအေးလူလူ ဖြစ်သွားကြသည်၊၊

ထိုအချိန်တွင် မြေအောက်လမ်းကြိုလမ်းကြားကလေးထဲမှ ဒဏ်ရာဒဏ်ချက်များစွာနှင့် အမျိုးသမီးကလေးက သူ့ကိုယ်သူ နလန်ပြန်ထူနိုင်ဖို့ အားယူနေပြီဖြစ်သည်၊၊

သူမ ထူထူထောင်ထောင် ဖြစ်ချိန်မှာတော့ US Embassy ရှေ့ ရောက်သွားသည်၊၊

သို့သော် အထဲသို့ဝင်ကာ အကူအညီတောင်းခံတော့မည့်ဆဲဆဲတွင် သူမက မဝင်ဘဲ လှည့်ပြန်ခဲ့တော့သည်၊၊

.နောက်နေ့မှ စကာ သူမကို အနိုင်ကျင့်စော်ကားခဲ့သူများကို ပြန်ကလဲ့စားချေဖို့ ကြိုးစားတော့သည်၊၊

သူမကို သံရုံးသို့ ပို့ပေးမည်ဆိုကာ လိမ်လည် လှည့်ဖျားခဲ့သည့်အမျိုးသမီးပါ မကျန် ရက်ရက်စက်စက် ပြန် လက်စားချေခြင်းဖြစ်သည်၊၊

သူမ အငြိုးတကြီးဖြင့် သွေးအေးစွာ လက်စားချေနေပုံကို ကြည့်ရချိန်တွင် ဘဝမှာ ကိုယ့်ကို အနိုင်ကျင့်စော်ကားခဲ့သူများအား ထိုသို့သောလက်စားချေခြင်းမျိုးများဖြင့် တုံ့ပြန်ပစ်လိုက်ချင်စိတ်တို့ ဖြစ်ပေါ်လာသည်၊၊

ထိုအမျိုးသမီးငယ်ကလေးအား အနိုင်ကျင့်စော်ကားပြီး ရက်စက်စွာ နှိပ်စက်နေသည့် မြင်ကွင်းများကို မြင်ရချိန်တုန်းက
"ကွယ်--- သနားစရာ---" ဟု ဂရုဏာသက်မိပါသည်၊၊
ယခုလို သူမက တစ်ပြန်တစ်လှည့် ရက်စက်ပြသော မြင်ကွင်းကို မြင်ရချိန်မှာတော့ ခံရသူ အကြမ်းဖက်သမားများရဲ့ နာကျင်မှုကို စိုးစဉ်းမျှ မသနားမိချေ၊၊
"ကောင်းတယ်---အဲ့လို လုပ်ပစ်သင့်တာ----မှတ်ထား" ဆိုပြီး လက်စားချေမှုကိုပင် ကျေနပ်အားရနေမိသည်၊၊

(ဤဇာတ်ကားထဲမှ ဇာတ်ဝင်ခန်းတချို့သည် မမြင်ရက်ဖွယ်ရာ မြင်ကွင်းများ ဖြစ်နေသောကြောင့် 18+ စာရင်းထဲ ဝင်နေမည်ထင်သည်၊၊)








ထိုဇာတ်ကား ၂တွဲကို ကြည့်ရှုပြီးသွားသောအခါ စိတ်ထဲမှာ သွေးအေးစွာ လက်စားချေလိုစိတ်များနှင့် နင့်နင့်နဲနဲ ဖြစ်သွားသည်၊၊

၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀

သို့သော်---
အနိုင်ကျင့်ခံရခြင်းသည်လည်း မဖြစ်လျှင် အကောင်းဆုံး မဟုတ်လား၊ အစကတည်းက အနိုင်ကျင့်မခံရအောင် (တတ်နိုင်သမျှ) ကိုယ့်ကိုယ်ကို ကာကွယ်တတ်ဖို့ လိုပါသည်၊၊
အနိုင်ကျင့်မခံရလျှင် လက်စားချေခြင်းဆိုသည့်အဆင့်ဆီလည်း မရောက်နိုင်တော့ချေ၊၊

အကြောင်းကြောင်းကြောင့် လက်စားချေချင်စိတ်တွေ ဖြစ်ပေါ်လာလျှင်ကော----
မိမိ နာကျင်ခံစားခဲ့ရသမျှကို ပြန်လည်လက်စားချေခွင့်ရချိန်မှာ---
"လက်စားချေခြင်းဆိုတာ စိတ်ထဲကအမှိုက်"မို့---
ခွင့်လွှတ်လိုက်ပါတော့မယ်လေ---
ဆိုပြီး---
ဆုံးဖြတ်နိုင်ရင် ကောင်းမယ်ထင်တယ်၊၊

ဒါပေမဲ့ အဲ့လို လက်စားချေချင်စိတ်ကို ချိုးနှိမ်ပြီး ခွင့်လွှတ်ဖို့ဆိုတာလိုမျိုး---
ကျနော် လုပ်နိုင်ပါ့မလား---

ကိုယ် နာကျင်ခံစားခဲ့ရတဲ့အချိန်တွေကို ပြန် မတွေးပဲ ဖျောက်ဖျက်ပစ်လို့ရရင်တော့ တမျိုးပေါ့လေ---
...............
...........
......
....


Ooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooo

-မောင်သူရ
ဒီဇင်ဘာလ ၃ရက်၊၂၀၁၅ ခုနှစ်

Comments

Popular posts from this blog

မုဒြာရဲ့ခေါ်သံကို ခံစား ဝေဖန်ခြင်း

“ဂျူးရဲ့ ရသခြုံလွှာကို ခံစား၊ဝေဖန်ခြင်း”

ဝမ်တိန်အသွားလမ်းကို ခံစား၊ ဝေဖန်ခြင်း (စာပေဆောင်းပါး)