E
E = End နိဂုံးဆိုတာ နိဒါန်းရဲ့ အစ... လို့ ပြောရမလိုပါပဲ... နှစ်တစ်နှစ်ရဲ့ အဆုံးသတ်အချိန်ဟာ....နောင်နှစ်သစ်တစ်ခုအတွက် အစဆုံးသော အချိန်... .အေးလေ... ဒီနှစ်ရဲ့ နောက်ဆုံးအချိန် စက္ကန့်အပြီးမှာ ဟောဒီကမ္ဘာကြီးက ပျက်စီး အဆုံးသတ်သွားမှာမှ မဟုတ်တာ။ .နောက်နှစ်သစ်တစ်ခု ဖြစ်တဲ့ ၂၀၁၆ ခုနှစ်ကို ဖျတ်ခနဲ...ကူးပြောင်း ရောက်ရှိသွားမှာပဲ မဟုတ်လား။ ဒီတော့ ၂၀၁၅ ရဲ့ နိဂုံးဟာ...၂၀၁၆ ရဲ့ နိဒါန်းလည်း ဖြစ်ပါတယ်။ နှစ်သစ်မှာ... စိတ်သစ်လူသစ် အားအသစ်တွေနဲ့... ကောင်းကျိုးချမ်းသာ အဖြာဖြာကို သစ်လွင်တောက်ပစွာ ရယူပိုင်ဆိုင်နိုင်ကြပါစေ...လို့... မြန်မာပြည်သူား အာလုံးအတွက ဆန္ဒပြုလိုက်ပါတယ်။ နှစ်သစ်မှာ စိတ်လက်ချမ်းသာစွာနဲ့...လန်းဆန်းတက်ကြွစွာ ကောင်းကျိုးလိုရာ ပိုင်ဆိုင်မှုအသစ်တွေ ရနိုင်ဖို့ဆိုတာလည်း... အခွင့်အလမ်းက ရှိပါဦးမှ... တိုင်းပြည်တစ်ပြည်အတွင်းက ပြည်သူတွေအနေနဲ့ ဘယ်လောက် ကြိုးစား ရုန်းကန်ပါစေ... ရုန်းကန်ရသလောက် ထိုက်တန်တဲ့ ရလဒ်ကို ပြန်ရနိုင်ဖို့ဆိုတဲ့ အခွင့်အလမ်းမရှိရင်... အဲဒီအခွင့်အလမ်းကို တစ်ခုခုနဲ့ ပိတ်ပင်ကန့်သတ်ထားရင်... ဘာမှ အကျိုးမရှိပဲ... ဒုံရင်း အနေအထားထက် နိမ့်ကျနွမ်းပါးသွားမှာပဲ... ။ ...